ကုန်သေတ္တာယာဉ်များ သွားလာမှုကို နိုဝင်ဘာ ၁ရက်မှစ၍ သတ်မှတ်လမ်းကြောင်းများသာ ညအချိန်ဖြတ်သန်းခွင့်ပြုမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှုဖြေရှင်းရန် ကုန်သေတ္တာယာဉ်ကြီးများကို ညပိုင်းတွင် သတ်မှတ်လမ်းများတွင်သာ မောင်းနှင်ဖြတ်သန်းခွင့်ပြုမယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးမှပြောပါတယ်။ကုန်သေတ္တာယာဉ်များ ရပ်နားရန်အတွက် ကုန်တင်ယာဉ်ရပ်နားစခန်းများတွင် ရပ်နား၍ ညဘက်အချိန်မှသာ အသုံးပြုခွင့်ပေးထားသော လမ်းအတိုင်းသာ မောင်းနှင်သွားရမှာဖြစ်တယ်လို့ဆိုပါတယ်။

ကုန်သေတ္တာယာဉ်များ ဖြတ်သန်းအသုံးပြုမောင်းနှင်ရမည့် လမ်းကြောင်းများမှာ ကမ်းနားလမ်း၊ ဘုရငေ့်နာင်လမ်း၊ အောက်မင်္ဂလာဒုံလမ်း၊ ဗိုလ်တထောင်ဘုရားလမ်း၊ မဟာဗန္ဓုလတံတားအားဖြတ်ကာ ရှုခင်းသာလမ်း၊ သာကေတအဝိုင်း၊ သံသုမာလမ်း၊ ဧရာဝဏ်လမ်း၊ ပဲခူးမြစ်လမ်း၊ ကနောင်မင်းသားကြီးလမ်း၊ အောင်ဇေယျလမ်းတို့ကို အသုံးပြုခွင့်ပေးထားသည်။

ကုန်သေတ္တာယာဉ်ကြီးတွေကို နိုဝင်ဘာ ၁ရက်ကစပီးဖြတ်သန်းခွင့်မပေးတော့ပါဘူး။ညပိုင်းအချိန်တွေ မှပဲသတ်မှတ်လမ်းကြောင်းအတိုင်း ဖြတ်သန်းလို့ရမှာပါ။ညဘက်ဖြတ်သန်းရမယ့်အချိန်ကိုဆွေးနွေးနေပါတယ်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာမှတာဝန်ရှိသူတစ်ဦးပြောသည်။

ကုန်သေတ္တာယာဉ်ကြီးတွေကို နိုဝင်ဘာ ၁ရက်ကစပြီး ဖြတ်သန်းခွင့်မပေးတောပါဘူး။ ညပိုင်းအချိန်တွေမှပဲ သတ်မှတ်လမ်းကြောင်းအတိုင်းဖြတ်သန်းလို့ရမှာပါ။ ညဘက်ဖြတ်သန်းရမယ့်အချိန်ကို ဆွေးနွေးနေပါတယ် ဟု ရန်ကုန်မြို့တော်စည်ပင်သာယာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကုန်သေတ္တာယာဉ်ကြီးများ ညပိုင်းဖြတ်သန်းသွားလာခွင့်ကို ညအချိန် ၉နာရီမှ မနက် ၅ နာရီအထိသတ်သွားရန်လျှာထားလျက်ရှိတယ်လို့သိရပါတယ်။

ခေတ်သစ်

Author