ယနေ့မနက် ဒီဇင်ဘာလ ၈ ရက်မှ စပြီး ကမ်းနားလမ်းပေါ်ရှိမြို့ထဲ အသွား ကမ်းနားဘက်ခြမ်းတွင် ကွန်တိန်နာယာဉ်များ တန်းစီရပ်တန့်ထားသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုဆိုးရွားစွာဖြစ်ပေါ်နေသည့်အပြင် လမ်းသွားလမ်းလာပြည်သူများမှာလည်း စိတ်အနှောက်အယှက်ဖြစ်ပြီး ရုံးသမားများနှင့် ဝန်ထမ်းအချို့လည်း ရုံးနောက်ကျခြင်း အလုပ်များပျက်ကွက်ခြင်းများဖြစ်ပေါ်နေကြောင်း သတင်းရရှိပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုမှာ နံနက် ၄ နာရီမှစတင်ဖြစ်ပေါ်လျှက်ရှိပြီး ယခုအချိန်ထိ ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေကြကာလက်ရှိအခြေအနေကတော့ ယာဉ်ကြောပိတ်ဆို့မှုဟာ ကမ်းနားလမ်းတစ်လျှောက်တင်မဟုတ်တော့ပဲ ကမ်းနားလမ်းနဲ့ဆက်နွယ်တဲ့ လမ်းကြိုလမ်းကြားတွေထိပါကူးစက်နေပါတယ်လို့လည်း သတင်းရရှိပါတယ်။
Photo Credit