ရန်ကုန်မြစ်အတွင်းတဆင့် ကွန်တိန်နာများကို သယ်ဆောင်ရန် သင်္ဘောဆွဲပြေးဆွဲမည်

0

Full article

_ Photo Credit_

ကုန်သေတ္တာ (ကွန်တိန်နာ) သယ်ဆောင်ကားများ ရန်ကုန်မြို့တွင်းသို့ မဝင်စေဘဲ ရန်ကုန်မြစ် အတွင်းကနေတဆင့် ကုန်ပစ္စည်းများ သယ်ဆောင်ရန် သင်္ဘောများ ပြေးဆွဲဖို့ စီစဉ်နေ သည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အောက်တိုဘာလ ၆ ရက်တွင် ပြုလုပ်သည့် Yangon Water Bus ဖွင့်လှစ်ပွဲတွင် ပြောကြားသွားခဲ့သည်။

"ရန်ကုန်မြစ်ကြီးဟာ အလွန်အင်မတန်ကို်မှ လှပတဲ့ မြစ်ကြီးတစ်ခု ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အဓိက ကျတဲ့ မြစ်ကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။ မြစ်ကြောင်း ပိုမိုဖွံဖြိုးတိုးတက်ဖို့အတွက် ရန်ကုန်ရဲ့ လူမှုဘဝကို မြင့်တင်နိုင်ဖို့ကြိုးပမ်းသွားမှာပါ။ ကုန်စည်တွေကိုလည်း ဒီမြစ်ကြောင်းကနေသယ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းကို မြစ်ကြောင်းကနေ ကုန်စည်စီးဆင်းနိုင်ဖို့နဲ့ ခရီးသည်သွားလာနိုင်ဖို့ဆိုတာ ရှေ့ဆက်သွားမယ့် ခြေလှမ်းများပဲ ဖြစ်ပါတယ်။ ရေကြောင်းကို အသုံးချနိုင်တဲ့ နိုင်ငံတွပဲ ဖွံ့ဖြိုးတာများပါတယ်။"ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။

ရန်ကုန်မြို့၏ ကုန်စည်စီးဆင်းမှုကို စရိတ်စက သက်သာစွာဖြင့် ဆောင်ရွက်နိုင်ရန် ကုန်သေတ္တာများ အား သီလဝါဆိပ်ကမ်းကနေ ရန်ကုန်မြို့လယ်ကောင် ဆိပ်ကမ်းများသို့ သယ်ဆောင်ခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းအစိုးရအနေဖြင့် အထူးစီမံချက်တရပ်အဖြစ် ဆောင်ရွက်နေဟု သူက ဆိုသည်။

ဒီလိုဆောင်ရွက်နိုင်ဖို့ ကုန်တွင်းဆိပ်ကမ်းတွေကို ပြင်ဆင်နေကြောင်းနှင့် ဗိုလ်တထောင်ဘုရားအနီး၌ ကုန်တင်ယာဉ်များ အများဆုံး သွားလာနေခြင်းသည် သမိုင်းဝင် အမွေအနှစ် စေတီပုထိုးများကို ပျက်စီးစေနိုင်သောကြောင့် ယခုလို စီစဉ်ရခြင်းဖြစ်သည်ဟု ထပ်လောင်းပြောကြား သွားခဲ့သည်။

ခေတ်သစ်

Author