ကုန်တင်ယာဉ်ကြီး အချိန်ကန့်သတ်သွားလာရမည်ဖြစ်သော်လည်း အရေးကြီးကုန်စည်များ သယ်ဆောင်လာပါက ဖြတ်သန်းခွင့်ပေးမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချူ ုပ်ကဆို

0

Full article


ရန်ကုန်မြို့အတွင်း ကုန်တင်ယာဉ်နဲ့ ကုန်သေတ္တာယာဉ်များကို အချိန်ကန့်သတ်သွားလာရမည်ဖြစ်သော်လည်း အရေးကြီးကုန်စည်များ သယ်ဆောင်လာပါက ဖြတ်သန်းခွင့်ပေးမည် ရန်ကုန်တိုင်းဝန်ကြီးချူ ုပ်က ဒီဇင်ဘာ ၈ ရက်က ဆိုခဲ့သည်။ကုန်တင်ယာဉ်နဲ့ ကုန်သေတ္တာယာဉ် တန်ချိန် ၉ တန်နှင့်အထက် ကားများကို ကမ်းနားလမ်းနှင့်ဘုရင့်နောင်လမ်းမကြီးတစ်လျှောက် ဒီဇင်ဘာ ၇ ရက်မှစ၍ ည ၉ နာရီမှ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားခွင့်ပြုမည်ဟုသတ်မှတ်ထားရှိပါတယ်။

ကမ်းနားလမ်းတစ်လျှောက်တွင် ဒီဇင်ဘာ ၈ ရက်နေတွင် ကုန်တင်ယာဉ်များ ကုန်ပစ္စည်းများချရန် ဆိပ်ကမ်းအတွင်းဝင်ရောက်ရန် အခက်အခဲဖြစ်ပေါ်နေရာ ဆန္ဒပြသည့်ပုံစံမျိူ းဖြစ်ပွားခဲ့သဖြင့်ယာဉ်ကြောပိတ်ဆို့မှူဖြစ်ပွားခဲ့သောကြောင့် ဝန်ကြီးချူ ပ်က ပြောကြားလိုက်ခြင်းဖြစ်သည်။

ထိုကိစ္စနဲ့ပက်သက်၍ ရန်ကုန်တိုင်းဝန်ကြီးချူ ပ်က ကျွန်တော်တို့က ကျစ်ဖို့၊ရစ်ဖို့၊ညှစ်ဖို့လုပ်တာမဟုတ်ဘူး။အများပြည်သူသွားလာနေတဲ့ အချိန်မှာ ကုန်ကားတွေ အာဆီယံဝင်ရိုး မညီညွတ်တဲ့ကားတွေ လမ်းမပေါ်မှာ သွားနေတယ်။ဒါကဘယ်နိုင်ငံမှာမှမရှိဘူး။ကုန်တွေက တအားကြပ်နေလို့ ထုတ်ကိုထုတ်မှာဆိုရင်လည်း အစိုးရအဖွဲ့က ထုတ်ပေးမှာပါ။ဒါ်မှမဟုတ်အရေးပေါ်ကုန်ပစ္စည်းတွေ နိုင်ငံခြားကို ဒီနေ့မပါရင်မဖြစ်ဘူး ဆိုရင်လည်း လုပ်ပေးဖို့အဆင်သင့်ရှိပါတယ်ဟု ဝန်ကြီးချူ ပ်က ပြောခဲ့သည်။

ခေတ်သစ်

photo credit

Author