ယနေ့မှစ၍ ကုန်သေတ္တာယာဉ်များ ရန်ကုန်မြို့တွင်းသွားလာမှူ အချိန် နေ့လည် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ဖြတ်သန်းသွားလာခွင့် ပြောင်းလဲသတ်မှတ်

0

Full article

ရန်ကုန်မြို့တွင်း ကုန်သေတ္တာယာဉ်များ သွားလာမှူကို နေ့လည် ၁၁ နာရီမှ ညနေ ၃ အတွင်း ဖြတ်သန်းသွားလာခွင့်ပြုရန်ပြောင်းလဲသတ်မှတ်လိုက်ပီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်တင်ယာဉ်နဲ့ ကုန်သေတ္တာယာဉ်များကို ကမ်းနားလမ်းနှင့် ဘုရင့်နောင်လမ်းမကြီးတွင် နေ့လည် ၁၁ နာရီမှ ညနေ ၃ နာရီအချိန်ထိ ဖြတ်သန်းခွင့်ပြုပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ကုန်တင်ယာဉ်နဲ့ ကုန်သေတ္တာယာဉ်တွေကို ကုန်စည်စီးဆင်းမှူ မြန်ဆန်စေဖို့ရယ် ဆိပ်ကမ်းတွေက ကုန်ပစ္စည်းတွေထုတ်ယူတာအဆင်ပြေစေဖို့ ကုန်စည်ပို့ဆောင်ရေးအဖွဲ့က လာပီးတင်ပြတာကြောင့် ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ပို့ဆောင်ရေး အာဏာပိုင်အဖွဲတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ခေတ်သစ်

Photo Credit

Author