အပ်ကုန် စနစ် ကားများ အောက်တိုဘာလကုန်အထိ မှတ်ပုံတင် မလုပ်ပါက ကားတင်သွင်းရောင်းချခွင့်လိုင်စင် ဖျက်သိမ်းမည်

0

Full article

![](/redline/content/images/2017/06/Kuni-Takahashi-300x200.jpg)

အပ်ကုန် စနစ်ဖြင့်တင်သွင်းထားသောကားများဇွန်လ ၁ရက်ကနေ အောက်တိုဘာလကုန်အထိ မှတ်ပုံတင်မလုပ်လျှင် ကားတင်သွင်းရောင်းချခွင့် လိုင်စင်ဖျက်သိမ်းမှာ

ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်နှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီမှ မေလ ၂၆ ရက်စွဲဖြင့် ကြေငြာထားရှိပါတယ်။ မော်တော်ယာဉ် အရောင်းစင်တာများတွင် ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အထိ ခွင့်ပြု လိုင်စင်ဖြင့် တင်သွင်းခဲ့သော ၂ နှစ်ကျော်မော်တော်ယာဉ်များ ကျန်ရှိလျှက်ရှိနေပြီး အဆိုပါ မော်တော်ယာဉ်များ အနက် ၁၉၉၅ မိုဒယ်မှ ၂ဝဝ၅ မိုဒယ်အထိ လက်ကျန်ယာဉ်များကို မှတ်ပုံတင်ခြင်း နှင့်ပက်သတ်၍ ၂ဝ၁၇ ခုနှစ် ဇွန်လ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်အထိ သက်တမ်းတိုး မှတ်ပုံတင်ခွင့်ပြု သွားမည်ဖြစ်ကြောင်း သတ်မှတ်ထားပါတယ်။ အပ်ကုန် စနစ်နဲ့ တင်သွင်းထားတဲ့ ကားတွေကို နောက်ဆုံးအကြိမ်လုပ်ခွင့်ပေးတာပါ သတ်မှတ်ရက်အတွင်းမှာ လုပ်ငန်းမဆောင်ရွက်ရင် ကာအရောင်းစင်တာ တင်သွင်းရောင်းချခွင့် လက်မှတ်ပယ်ဖျက်သွားမှာပါ။ ဟု မော်တော်ယာဉ်တင်သွင်းခြင်နှင့်သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီမှ

တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အပ်ကုန်စနစ်ဖြင့်တင်သွင်းထားတဲ့ကားများ အောက်တိုဘာလ လကုန်အထိ မှတ်ပုံတင် မဆောင်ရွက်သော မော်တော်ယာဉ်များကို ECC သို့ လရောက်အပ်နှံရမည်ဖြစ်ပြီး လာရောက်အပ်နှံခြင်း မရှိသော ကားအရောင်းစင်တာများကို ကားတင်သွင်းရောင်းချခွင့် လတ်မှတ်ပယ်ဖျက်ခြင်း ၊ စီးပွားရေးအကျိူ းဆောင်မှတ် ပုံတင် ပယ်ဖျက်ခြင်း ၊ ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ပယ်ဖျက်ခြင်း များ လုပ်ဆောင်သွားမည်ဖြစ်တယ်လို့ သိရသည်။ အပ်ကုန်စနစ်လက်ကျန် ကားများမှာ လုပ်ငန်းဆောက်ရွက်မှုအပိုင်းများကို သေချာရှင်းပြထားခြင်း မရှိသေး၍ မည်သို့လုပ်ဆောင်ရမည်ကို မသိရှိကြောင်း သိရပါတယ်။

ခေတ်သစ်

Photo Credit – Kuni Takahashi

Author