Consignment စနစ်ဖြင့် နယ်လိုင်စင်ဖြင့် မှတ်ပုံတင်ပြု လုပ်မည့် ကားများ ယနေ့မှ စတင်လက်ခံဆောင်ရွက်ပေးမည်

0

Full article

![](/redline/content/images/2017/07/f3434-300x200.jpg)

_ Photo Credit_

Consignment စနစ်နဲ့ တင်သွင်းထားသောကားများ ယနေ့မှစ၍ နယ်လိုင်စင်ဖြင့် မှတ်ပုံတင် လုပ်ဆောင်မှူ စတင် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်

ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ထို consignment စနစ်ဖြင့် တင်သွင်းထားသောကား အစီးရေ ၂၇ စီး လာရောက်ပြုလုပ်တင်ပြမှုရှိပြီး ချယ်စီ စစ်ဆေး၍ ယာဉ်မှတ်ပုံတင်ခွင့်ပြုနေပြီဖြစ်ကြောင်း သိရပါတယ်။ ဒီနေ့ ကစပြီး လက်ခံဆောင်ရွက်ပေးနေပါပြီ။ ကား ၂၇ စီလည်း လာတင်ပြထားပါတယ်။ အောက်တိုဘာနောက်ဆုံး သတ်မှတ်ထားတယ်။ ဒါကလည်း အပ်ကုန်စနစ်လက်ကျန်ကားတွေကို နောက်ဆုံးခွင့်ပြုပေးတာပါဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကားအရောင်းစင်တာတွေကနေ Consignment နဲ့တင်သွင်းထားသော ကားများကို ကြိုက်နှစ်သက်ရာ နယ်လိုင်စင်နဲ့ မိုဒယ်အလိုက် ယာဉ်မှတ်ပုံတင် လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။ ထိုကဲ့သို့ အော်တိုဘာလ လကုန်အထိ မှတ်ပုံတင် မဆောင်ရွက်သော မော်တော်ယာဉ်များကို ECC သို့ လရောက်အပ်နှံရမည်ဖြစ်ပြီး လာရောက်အပ်နှံခြင်း မရှိသော ကားအရောင်းစင်တာများကို ကားတင်သွင်းရောင်းချခွင့် လတ်မှတ်ပယ်ဖျက်ခြင်း ၊ စီးပွားရေးအကျိူးဆောင် မှတ်ပုံတင် ပယ်ဖျက်ခြင်း ၊ ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ပယ်ဖျက်ခြင်း များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ Consignment စနစ်နဲ့တင်သွင်းထားတဲ့ ကားများကို ၁၉၉၅ မိုဒယ်မှ ၂ဝဝဝ မိုဒယ်အထိ ကျပ်သိန်း ၃ဝ ဖြင့် လည်းကောင်း ၊ ၁၉၉၆ မိုဒယ်မှ ၂ဝဝဝ မိုဒယ်အထိ သိန်း၆ဝ ဖြင့်လည်းကောင်း နယ်လိုင်စင်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ပြီး၂ဝဝ၁ မိုဒယ်မှ ၂ဝ၁၄ မိုဒယ်အထိကို စလစ်ကပ် မှတ်ပုံတင်လုပ်ဆောင်ရမည် ဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author