Consignment စနစ်ဖြင့် ထုတ်ပေးထားသော သွင်းကုန်လိုင်စင်ပါမစ်များ သက်တမ်းထပ်တိုးပေးမည်

0

Full article

ကားအရောင်းစင်တာများအတွက် consignment စနစ်ဖြင့် ထုတ်ပေးထားသော သွင်းကုန်လိုင်စင်ပါမစ်များ ဇူလိုင်လ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း သင်္ဘောရောက်နောက်ကျပါက သက်တမ်း ထပ်တိုးပေးသွားမည် ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက သိရသည်။

" Consignment နဲ့ ထုတ်ပေးတဲ့လိုင်စင်တွေကို သက်တမ်း ၆ လအထိပေးထားတယ်။ သက်တမ်းကုန်သွားရင် အကြောင်းကြောင်းကြောင့် သင်္ဘောနောက်ကျတာတို့ ရှိလာရင် သက်တမ်းအနည်းငယ် တိုးပေးပါမယ်။ လနဲချီပြီးတော့ သက်တမ်းတိုးပေးလို့တော့မရပါဘူး။"ဟု စီးပွားကူးသန်းဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂ဝ၁၇ ခုနှစ်အတွင်း အရောင်းပြခန်း၊ အရောင်းစင်တာများအတွက် normal LC/TT ၊ consignment စနစ်ဖြင့် ထုတ်ပေးသည့် သွင်းကုန် လိုင်စင်နှင့် အစိုးရဌာနများကိုထုတ်ပေးသည့် သွင်းကုန်လိုင်စင်ပါမစ်များကို မူလလိုင်စင်သက်တမ်း ၃ လသာ ခွင့်ပြုသွားမည်ဖြစ်ပြီး သက်တမ်းကုန်ဆုံးပြီးပါက ပထမအကြိမ် ၂ လ ၊ ဒုတိယအကြိမ် သက်တမ်း ၁ လ အထိ ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက အသိပေးကြေငြာထားရှိသည်။

Regulation

Author