Consignment စနစ်တင်သွင်းထားသော ကားများ အပ်နှံမည်ဆိုလျှင် ခွင်ပြုပေးသွားရန်ရှိ

0

Full article

.


အရောင်စင်တာများမှ အပ်ကုန်စနစ်ဖြင့်တင်သွင်းထားသော ကားများ အပ်နှံမည်ဆိုပါက ခွင့်ပြုပေးသွား ရန်ရှိ်သည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနထံကနေ သိရသည်။

"အပ်ကုန်စနစ်နဲ့ သွင်းထားတဲ့ သိန်း ၃ဝ၊ ၆ဝ ကားတွေရှိတယ်။ ဒီကားတွေ အပ်နှံဖို့အတွက် လာပြီးတင်ပြထားတာရှိတယ်၊ အပ်ခွင့်ပေးသွားဖို့ ပြန်ညှိပြီး လုပ်ဆောင်ပေးသွားမှာပါ။"ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနထံကနေ သိရသည်။

consignment စနစ်ဖြင့် တင်သွင်းထားသည့် ကားများကို ၁၉၉၅ မိုဒယ်မှ ၂ဝဝဝ မိုဒယ်အထိ ကျပ်သိန်း ၃ဝ ဖြင့်လည်းကောင်း ၊ ၁၉၉၆ မိုဒယ်မှ ၂ဝဝဝ မိုဒယ်အထိ သိန်း၆ဝ ဖြင့်လည်းကောင်း နယ်လိုင်စင်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ရမှာဖြစ်ပြီး၂ဝဝ၁ မိုဒယ်မှ ၂ဝ၁၄ မိုဒယ်အထိကို စလစ်ကပ် မှတ်ပုံတင်လုပ်ဆောင်ရန် သတ်မှတ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ကျပ် သိန်း၃ဝ ၊ သိန်း၆ဝ နှင့် အပ်ကုန်စနစ်တင်သွင်းထားသော ကားများကို အော်တိုဘာလလကုန်အထိ မှတ်ပုံတင်ဆောင်ရွက်ခွင့်ပြုထားရာ သတ်မှတ်ထားသောကာလအတွင်း မှတ်ပုံတင်လာရောက်မလုပ်ဆောင်သော မော်တော်ယာဉ်များ (ECC) သို့လာရောက်အပ်နှံရန် သတ်မှတ်ထားပြီး လာရောက်အပ်နှံခြင်း မရှိသော ကားအရောင်းစင်တာများကို ကားတင်သွင်းရောင်းချခွင့် လက်မှတ်ပယ်ဖျက်ခြင်း၊ စီးပွားရေးအကျိူးဆောင်မှတ်ပုံတင် ပယ်ဖျက်ခြင်း ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင် မှတ်ပုံတင်ပယ်ဖျက်ခြင်းများ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းသိရသည်။

B-01

Author