ကားအရောင်းပြခန်းများနှင့် ကားအရောင်းစင်တာများမှ Consignment စနစ်ဖြင့် တင်သွင်းထားရှိသော ကားများကို ယခင် သက်တမ်း ၆ လမှထပ်မံ၍ သက်တမ်းတိုးပေးသွားရန် ဆွေးနွေးထားရှိတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။မော်တော်ယာဉ်အရောင်းပြခန်းများနှင့် အရောင်းစင်တာများမှာ ၂ဝ၁၅ လိုင်စင်ဖြင့် အပ်ကုန်စနစ်ဖြင့်တင်သွင်းထားရှိသောကားများအား ဇူလိုင်လ နောက်ဆုံးထား၍ စလစ်ကပ်မှတ်ပုံတင်ပြုလုပ်ရမှာဖြစ်ပါသည်။သို့သော်လည်း ကားအရောင်းစင်တာများအနေနဲ့ စလစ်ကပ်တင်သွင်းဖို့ကျန်ရှိနေတဲ့ အစီးရေ များပြားနေခြင်းကို ဖျက်သိမ်းရန် အခက်အခဲ ဖြစ်နေခြင်းတို့ကြောင့် သက်တမ်းထပ်မံတိုးမြင့် သွားရန် လုပ်ဆောင်နေတယ်လို့သိရပါတယ်။
ကားအရောင်းပြခန်းများနှင့် ကားအရောင်းစင်တာများကနေ တင်သွင်းထားသော စလစ်ကပ်ရန်ကျန်ရှိနေတဲ့ ကားအစီးရေမှာ ၉ဝဝ ကျော်ကျန်ရှိနေပြီးအချို့ကားများမှာ ရောင်းချထားပီးဖြစ်တယ်လို့ သိရပါတယ်။
ခေတ်သစ်
Photo Credit