Consignment စနစ်ဖြင့်တင်သွင်းထားသောကားများ စလစ်မကပ်ရတောသဖြင့် စလစ်ဈေး သိန်း ၉ဝ အထိ ကျင်းဆင်းလာနိုင်

0

Full article

![](/redline/content/images/2017/04/consignment-300x200.jpg)

ကားအရောင်းပြခန်းများရှိ Consignment ကားများ စလစ်မကပ်ရတောသဖြင့် စလစ်ဈေး သိန်း ၉ဝ အထိ ထိုးကျလာနိုင်တယ်လို့ ကားဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားရှိပါတယ်။ ရန်ကုန်အရောင်းအဝယ်ဈေးကွက်မှာ အနည်းငယ် အေးဆက်သွက်မှာဖြစ်ရာ နယ်ဝယ်လက်များ ရန်ကုန်အဝယ်နည်းသွားနိုင်တယ်လို့ သ်ရပါတယ်။ အခုထွက်ပေါ်နေတဲ့ consignment ကားတွေ စလစ်ကပ်ဖို့မလိုတော့တဲ့အတွက် စလစ်ဈေး အနည်းအများရိုက်ခတ်သွားနိုင်တယ်။ နယ်ဝယ်လက်တွေလည်း အဝယ်နည်းလာနိုင်သလို ကားဈေးကွက်အေးသွားလိမ့်မယ်။ စလစ်ဈေးက အများကြီးတော့မကျနိုင်ဘူး။ ၁၃ဝဝ စီစီကားတွေကတော့ အရင်အတိုင်ပုံမှန်အရောင်းအဝယ်ရှိနေမှာပါ လို့ စလစ်ဈေးကွက်ကျွန်းကျင်သူ ကိုမျိူ းဇော်အောင် ကပြောပါတယ်။ တန်ဖိုးမြင့်ကားများဖြစ်တဲ့ Landcruiser ၊ Harrier ၊ Mark x ကားများနဲ့ လူကြိုက်များတဲ့ တန်ဖိုးကြီးမြင့်သောကားများ ယခင်အတိုင်း အရောင်းအဝယ်များ ပုံမှန်ဖြစ်နေမယ်လို့လည်း သုံးသပ်ထားကြပါတယ်။ ယနေ့ စလစ်ကပ်အမည်ပေါ်က်ကားတစ်စီးလျှင် ကျပ်သိန်း ၁ဝဝ ဝန်ကျင်နဲ့ အရောင်းအဝယ်ပြုလုပ်နေသော်လည်း ဝယ်သူရှားပါးနေပြီး သိန်း ၉ဝ အထိ ကျဆင်းသွားနိုင်တယ်လို့ စလစ်ဝယ်ရောင်းပြုလုပ်နေသူများကပြောကြပါတယ်။

ခေတ်သစ်

Photo Credit

Author