Consignment စနစ်နဲ့ တင်သွင်းထားသော ကားများအတွက် စလစ်ကပ်ရန်လိုမလို

0

Full article

![width=300](/redline/content/images/2017/04/consignment-1-300x199.jpg)

မေလတွင် တရားဝင်ထုတ်ပြန်ပေးမည့် Consignment စနစ်နဲ့ တင်သွင်းထားသော ကားများအတွက် နယ်လိုင်စင်ဖြင့်မှတ်ပုံတင်ရမည်ဟု သတင်းများထွက်ပေါ်နေရာ ထိုကားများကို စလစ်ကပ်ရန်လိုမလို မေလတွင် တရားဝင်ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကသိရပါတယ်။ ပြင်ပတွင်ထွက်ပေါ်နေသော သတင်းများမှာ

အပ်ကုန်စနစ်ဖြင့် တင်သွင်းထားသော ၂ဝဝဝ မိုဒယ်အောက် ကားများကို စလစ်ကပ်ရန်မလိုဘဲ သိန်း ၃ဝ ဖြင့် မှတ်ပုံတင်ရမှာဖြစ်ပြီး ၂ဝဝ၁ မိုဒယ်မှ ၂ဝဝ၅ မိုဒယ်အထိ ကားများကို သိန်း ၆ဝ နဲ့ မှတ်ပုံတင်ရမှာဖြစ်ရာ ထိုကားများသည် နယ်လိုင်စင်ဖြင့်မှတ်ပုံတင်ပြုလုပ်ဆောင်ရွက်ရမှာဖြစ်၍ ၂ဝဝ၆ မိုဒယ်မှ ၂ဝ၁၄ မိုဒယ်အထိကားများကတော့ ယာဉ်အိုယာဉ်ဟောင်းအစားထိုး တင်သွင်း၍ စလစ်ကပ်တင်သွင်း မှတ်ပုံတင်ပြုလုပ်ရမှာဖြစ်ပါတယ်လို့ ကားတင်သွင်းသည့် လုပ်ငန်းရှင်များနဲ့ အစိုးရအဖွဲ့များအကြား တွေ့ဆုံမှူအပြီးတွင် သတင်းများထွက်ပေါ်နေလျှက်ရှိပါတယ်။ ထိုကိစ္စနဲ့ပက်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းကတော့ အတည်မဖြစ်သေးပါဘူး။ စလစ်ကပ်ရမယ်မကပ်ရဘူးဆိုတာ ကို သေသေချာချာထုတ်ပြန်ကြေငြာသွားမှာပါ။ အခုထိတော့ ဆွေးနွေးဆဲပဲရှိပါသေးတယ်လို့ ယင်းက ပြောကြားခဲ့ပါတယ်။ Consignment စနစ်နဲ့တင်သွင်းထားသော ကားအစီးရေမှာလည်း ၅၉ဝဝ ကျော်ရှိနေရာ စလစ်ကပ်ပြီး ရောင်းချပြီးစီးခဲ့သော ကားအစီးရေအတွက်လက်ကျန်ကို စာရင်းကောက်ယူထားရှိတယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author