ညာမောင်းတင်သွင်းခွင့်ရမည့် consigniment ပါမစ်သက်တမ်းကို ၂ဝ၁၈ မတ်လအထိ ခွင့်ပြုပေးမည်

0

Full article

Zawgyi ၂ဝ၁၇ မိုဒယ်သတ်မှတ်ချက်နှင့် တင်သွင်းခွင့်ရမည့် အရောင်းစင်တာ consigniment ပါမစ်သက်တမ်းကို ၂ဝ၁၈ မတ်လအထိ ခွင့်ပြုပေးသွားမည်ဖြစ်သည်ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနထံကနေ သိရသည်။ယာဉ်အိုယာဉ်ဟောင်းအစီအစဉ် အရောင်းစင်တာ consignments စနစ်နှင့် ကားတင်သွင်းခြင်းကို ၂ဝ၁၈ တွင် ၂ဝ၁၄ ကနေ ၂ဝ၁၈ မိုဒယ်အထိ တင်သွင်းခွင့်ပြုထားပြီး လက်ရှိ ၂ဝ၁၇ မိုဒယ်သတ်မှတ်ချက်အတိုင်း တင်သွင်း ခွင့်ရမည့် ပါမစ်များ သက်တမ်းတိုး လျှောက်ထားခြင်းကို သက်တမ်း ၃ လ ၊ ၂ လ နှင့် ၁ လ သုံးကြိမ်တိုင်တိုင် သက်တမ်းတိုးခွင့်ပေးနေရာ ၂ဝ၁၈ မတ်လအထိ တင်သွင်းခွင့်ပေးသွားမှာ ဖြစ်သည်ဟု သိရသည်။

"consignments ပါမစ် သက်တမ်းတွေကို မတ်လ အထိ ပေးသွားဖို့တော့ရှိတယ်။ ရက်အတိအကျကိုတော့ ပြောလို့ မရသေးပါဘူး။ တရားဝင်လည်း ထုတ်ပြန်ပေးသွားဖို့ လုပ်နေပါတယ်။"ဟု ကားတင်သွင်းခြင်းဆိုင်ရာ ပါမစ်ထုတ်ပေးရေးဌာနမှ အရာရှိကဆိုသည်။

၂ဝ၁၈ အတွက် ဘယ်မောင်းကားများကိုသာ သတ်မှတ်ထားရာ လက်ရှိတွင် consignments ပါမစ်များနဲ့ ညာမောင်းကားများ တင်သွင်းခွင့်ရရှိနေတဲ့အတွက် လျှောက်ထားမှုများပြားလာနိုင်သည်ဟု ကားလုပ်ငန်းနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံကနေ သိရသည်။

ကားအရောင်းစင်တာများက Consignments ပါမစ်လျှောက်ထားမှူများကို ပါမစ်သက်တမ်းတိုးခြင်း ပထမအကြိမ် ၃ လ ၊ ဒုတိယအကြိမ် ၂ လနှင့် တိတိယအကြိမ် ၁ လ စုစုပေါင်းသက်တမ်း ၆ လအထိခွင့်ပြုပေးနေကြောင်း သိရသည်။

Author