Consignment စနစ်ဖြင့်တင်သွင်းထားရှိသောကားများ ၂ဝ၁၇ ဇူလိုင်လ အထိ သက်တမ်းတိုးခွင့်ပြု

0

Full article

ကားအရောင်းပြခန်းများနဲ့ ကားအရောင်းစင်တာများက Consignment စနစ်ဖြင့်တင်သွင်းထားရှိသောကားများ ၂ဝ၁၇ ဇူလိုင်လ အထိ သက်တမ်းတိုးခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။ အပ်ကုန်စနစ်နဲ့တင်သွင်းထားရှိသော ကားများသည် ယခုနှစ်အကုန် ဒီဇင်ဘာလနောက်ဆုံးစလစ်အပြီးကပ်ရန် ထုတ်ပြန်ထားခဲ့ရာ ပြီးခဲ့တဲ့ မော်တော်ယာဉ်တင်သွင်းခြင်းနဲ့သက်ဆိုင်တဲ့ အစည်အဝေးတွင် ထိုကားများကို သက်တမ်း ၆ လ တိုး၍ စလစ်ကပ်နိုင်ရန် ဆွေးနွေးထားရှိခဲ့တယ်လို့သိရပါတယ်။

အပ်ကုန်စနစ်သည် မှာယူထားသော ကုန်ပစ္စည်းများ ရောင်းချပီးမှ ငွေချေရမှာဖြစ်သလို လက်ရှိတင်သွင်းနေသည့်ကားမှာ ငွေအပြီးချေပြီးမှ တင်သွင်းခဲ့ရသောကားများဖြစ်တဲ့အတွက် တစ်ဖက်နိုင်ငံသို့ပို့ဆောင်ရန်မလွယ်ကူနိုင်ကြောင်းသိရပါတယ်။

ခေတ်သစ်

Author