အခုထုတ်လိုက်တဲ့ကြေငြာချက်ရက်စွဲက ၁ဝ ရက်နေ့ဖြစ်ပြီး တစ်ကယ်သိရတာက ၂၆ ရက်နေ့မှသိရတယ်။အခုလိုကြေငြာချက်တွေကိုရက်နီးမှထုတ်ပြန်တဲ့အတွက် လုပ်ငန်းရှင်တွေအလုပ်လုပ်ကိုင်ရခက်ပါတယ်။ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်က ကြေငြာချက်တစ်ခုထုတ်ပြန်မယ်ဆိုရင် ကြိုတင်ကြေငြာမယ်ဆိုပီးပြောထားတာရှိပါတယ်။ ၂ဝ၁၁ မော်ဒယ်အောက်ကားပါမစ်တွေ ၃၁ ရက်နေ့အပြီးလုပ်ရမယ်ဆိုတာကတော့ ဈေးကွက်မှာဘာထိခိုက်မှူမှတော့မဖြစ်နိုင်ပေမယ့်
နောက်ပိုင်း ကြေငြာချက်ကိုကြိုထုတ်ပြန်ပေးဖို့လိုပါတယ်လို့ ကားအရောင်းစင်တာဖွင့်လှစ်လုပ်ကိုင်နေတဲ့လုပ်ငန်ရှင်များက ပြောဆိုထားကြပါတယ်။ ခေတ်သစ်