Consignment ကား စာရင်းများ အကောက်ခွန် နဲ့ ကညန ပေးပို့ပြီးမှ နယ်မှတ်ပုံ တင် လုပ်ငန်းစတင်ဆောင်ရွက်နိုင်မည်

0

Full article

![width=300](/redline/content/images/2017/06/1111-1-300x155.jpg)

Photo Credit

Consignment စနစ်နဲ့ တင်သွင်းထားတဲ့ ကားတွေကို ဇွန် ၁ ရက်မှ နယ်လိုင်စင်နဲ့ မှတ်ပုံတင်ဆောင်ရွက်ခွင့်ပေးသော်လည်း ယနေ့အထိ လုပ်ငန်းလုပ်ဆောင်ရမယ့် အချက်များကို မသိရှိသောကြောင့် လာရောက်လုပ်ဆောင်မှူ တစ်စီးမှ မရှိသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနက သိရပါတယ်။ ထိုကဲ့သို့ consignment ကား စာရင်းများကို အကောက်ခွန် နဲ့ ကညန ပေးပို့ပီးမှ နယ်မှတ်ပုံတင်လုပ်ငန်းစတင်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ စာရင်းတွေကို အမြန်ဆုံး ပေးနိုင်အောင်လုပ်နေပါတယ်။ အဲ့ဒီစာရင်းကြည့်ပီးမှ ချလ်ဆီစစ်ပီး consignment ကားဟုတ်မဟုတ်သိနိုင်မှာပါလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူက ပြောခဲ့သည်။ ထိုကားများကို custom duty ၃ဝ ရာခိုင်နှုန်း လျှော့ချထားသော်လည်း ၂ဝဝ၅ မိုဒယ်အောက်ကားများအတွက် ဝင်ငွေခွန် ပေးဆောင်ရမှာဖြစ်၍ မှတ်ပုံတင်လုပ်ဆောင်ရာတွင် ကညန ဌာနအားသွားရောက်ကာ မိုဒယ်အလိုက် ကျပ် သိန်း၃ဝ ကနေ သိန်း၆ဝ ငွေပေးသွင်းရမည်ဖြစ်တယ်လို့သိရသည်။ ယင်း Consignment စနစ်နဲ့တင်သွင်းထားတဲ့ ကားအစီးရေ မှာ စာရင်းရှိ ၁၄၇ဝ ဖြစ်ပီး အမှန်တစ်ကယ် ကျန်ရှိနေတဲ့ ကားအရေအတွက်မှာ ၅၂၇ စီးသာရှိတယ်လို့ သိရပါတယ်။

ခေတ်သစ်

Author