ကုမ္ပဏီ လိုင်စင်ဖြင့် လုပ်ငန်းသုံးယာဉ် လျှောက်ထားခြင်းကို ပိတ်မည်မဟုတ်

0

Full article

ကုမ္ပဏီ လိုင်စင်ဖြင့် လုပ်ငန်းသုံးယာဉ် လျှောက်ထားခြင်းကို လာမည့်နှစ် (၂ဝ၁၈) မှာလည်း ပိတ်မည်မဟုတ်ဘဲ ယခုအတိုင်း ဆက်လက်ခွင့်ပြုပေးမည် ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာနထံကနေသိရသည်။

"ကုမ္ပဏီလိုင်စင်နဲ့ လိုင်စင်လျှောက်တာကို ပိတ်ဖို့ မရှိသေးပါဘူး။ လုပ်ငန်းသုံး တစ်တန်နဲ့ တစ်တန်အောက်ကားတွေကိုတော့ ၁ စီးပဲ အရင်လိုခွင့်ပြုထားပါတယ်။"လို့ စီးပွား/ကူးသန်းဝန်ကြီးဌာနက တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ကားအရောင်းစင်တာများကို လုပ်ငန်းသုံးကားအစီး ၈ဝ အထိလိုင်စင်လျှောက်ခွင့်ပေးနေပြီး နောက်ပိုင်းတွင် ကုမ္ပဏီလိုင်စင်ဖြင့်လုပ်ငန်းသုံးကား လျှောက်ထားခြင်းကို ရပ်ဆိုင်းမည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိနေကြောင်း သိရသည်။

ယခု ၂ဝ၁၇ ခုနှစ် ဇွန်လကစပြီး ကုမ္ပဏီလိုင်စင်များဖြင့် လုပ်ငန်းသုံးယာဉ် တင်သွင်းရန် လိုင်စင်လျှောက်ထားခြင်းကို တစ်လလျှင် တစ်စီးနှုနိးသာ တင်သွင်းခွင့် ကန့်သတ်လိုက်ကြောင်း သိရပါသည်။

.

Author