သြဂုတ်လ ၁ ရက်မှစ၍ ကုမ္ပဏီ လိုင်စင်ဖြင့်တင်သွင်းကားများ ယခင်လ တင်သွင်းထားသော ကာစတန် ID မူရင်းပြမှ လိုင်စင်ခွင့်ပြုမည်

0

Full article


သြဂုတ်လ ၁ ရက်မှစ၍ ကုမ္ပဏီ လိုင်စင်ဖြင့်တင်သွင်းကားများ ယခင်လ တင်သွင်းခဲ့သော ကာစတန် ID မူရင်းပြမှ လိုင်စင်ခွင့်ပြုပေးမည်ဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါသည်။ "ကုမ္ပဏီ လိုင်စင်နဲ့တင်သွင်းတဲ့ကားအရမ်းများလာတယ်။ ဒါကြောင့် ကုမ္ပဏီ လိုင်စင်ကားသွင်းမယ်ဆိုရင် တစ်စီးရောက်ရှိတဲ့ အထောက်အထား ID ပြမှ နောက်တစ်စီးခွင့်ပြုပေးမယ်။ "လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကုမ္ပဏီ လိုင်စင်နဲ့တင်သွင်းနေသော လုပ်ငန်းသုံးကားများဖြစ်တဲ့ ၁ တန်နှင့်တစ်တန်အောက် ကားများ ဖြစ်တဲ့ Mini Truck, Delivery Van ကားများ ကို ပြည်တွင်းသို့တင်သွင်းပြီးကြောင်း ကာစတန် ID မူရင်းပြနိုင်မှသာလျှင် ယခု သြဂုတ်လအတွက် ပါမစ်လိုင်စင်ခွင့် ပြုပေးမှာ ဖြစ်တယ်လို့ သိရသည်။ လုပ်ငန်းသုံး ယာဉ် ၁ တန်နှင့် ၁ တန်အောက်ကားများ တင်သွင်းမှူများကို ဇူလိုင်၁၄ ရက်မှစ၍ ကုမ္ပဏီ လိုင်စင် သက်တမ်း ၁ နှစ်ရှိမှသာလျှင် တစ်လကို တစ်စီးနှူန်းသာလျှောက်ထားခွင့်ပေးနေရာမှ တင်သွင်းမှူကို ထပ်မံကန့်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီ လိုင်စင်ဖြင့် ကားတင်သွင်းမှူကန့်သတ်လိုက်သည့် အတွက် လုပ်ငန်းသုံး တစ်တန်အောက်ကားများ၏ ပါမစ်ဈေးနှူန်း မြင့်တက်လာခဲ့ပြီး ထပ်မံဈေးနှူန်းများ မြင့်တက်လာ နိုင်ကြောင်း သိရသည်။

ခေတ်သစ်

Author