ကုမ္ပဏီ လိုင်စင် တစ်နှစ်ရှိမှသာ လုပ်ငန်းသုံး Vehicle Weight ၃၁ဝဝ အောက်၂ တန် ၊ ၃ တန် ကားများကို တင်သွင်းခွင့်ပေးမည်

0

Full article

ပြည်ပနိုင်ငံများမှကုမ္ပဏီ လိုင်စင်တစ်နှစ်ရှိမှသာ လုပ်ငန်းသုံး Vehicle Weight ၃၁ဝဝ အောက်ကားများကို တင်သွင်းခွင့်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရသည်။ ယခင်က ကုမ္ပဏီလိုင်စင်နဲ့ လုပ်ငန်းသုံးကားများ လျှောက်ရာတွင် ကုမ္ပဏီ လိုင်စင်သက်တမ်းတစ်နှစ်ရှိပါက တစ်တန်အောက်ကားများ ကို တစ်လ တစ်စီးခွင့်ပြုပေးနေရာ vehicle weight ၃၁ဝဝ အောက်ဖြစ်တဲ့ ၂ တန် ၃ တန်အထိ ကားများ ကို လည်း ကုမ္ပဏီ လိုင်စင် သက်တမ်းတစ်နှစ်ရှိမှသာ ခွင့်ပြုပေးသွားမှာဖြစ်ပါသည်။ ကုမ္ပဏီ လိုင်စင် နဲ့ တင်သွင်းခြင်းများသည် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း သာ ပေးဆောင်ရ၍ ဖရီးပါမစ်တင်သွင်းမှူများ ကွာဟနေတဲ့အတွက် တင်သွင်းတာကန့်သတ်တာ ဖြစ်တယ်လို့ သိရပါသည်။ ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် တွင် ကုမ္ပဏီလိုင်စင်ဖြင့် ကားတင်သွင်းခြင်းကို ပင်လယ်ရေကြောင်းမှဖြစ်စေ နယ်စပ်ဒေသများမှဖြစ်စေ တစ်ကြိမ်တင်သွင်းလျှင် ကားအစီး ၅ဝ တင်သွင်းခွင့်ပေးနေရာမှ ၂ဝ၁၆ ခုနှစ်တွင် တစ်ကြိမ်တင်သွင်းမှူကို ၁ဝ စီးအထိလျှော့ချခဲ့ပြီး ထိုမှတစ်ဆင့် တစ်ပတ်တင်သွင်းလျင် ၃ စီးနှူန်းသာ ခွင့်ပြုပေးခဲ့သည်။ ကုမ္ပဏီ လိုင်စင်များမှ ကားတင်သွင်းခြင်းကို ၂ဝ၁၇ ခုနှစ် ဇွန်လမှစ၍ လုပ်ငန်းသုံး တစ်တန်နှင့် တစ်တန် အောက်ကားများတင်သွင်းမှူကို တစ်လလျှင် တစ်စီးနှုန်းသာ တင်သွင်းခွင့် ထပ်မံကန့်သတ်ခဲ့ပြီး ကုမ္ပဏီ လိုင်စင်တစ်နှစ်ပြည့်မှသာ ကားတင်သွင်းခွင့် ပြုထားကြောင်း သိရသည်။

ခေတ်သစ်

Author