ကုမ္ပဏီ လိုင်စင်ဖြင့် ကားတင်သွင်းခြင်း တွင် ကာစတန် ID ပြသခြင်းကို ဖြေလျော့

0

Full article


ကုမ္ပဏီ လိုင်စင် သက်တမ်း ၁ နှစ်ပြည့်ပါကသွင်းကုန်ကြေငြာလွှာ ကာစတန် ID မူရင်းပြရန် မလိုအပ်တော့ဘဲ ယခင်အတိုင်း တစ်လတစ်စီးနှူန်း လိုင်စင်ခွင့်ပြုပေးမည်ဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါသည်။"ကုမ္ပဏီ လိုင်စင် သက်တမ်းတစ်နှစ်ရှိရင် ID ပြတာကို ဖြေလျှော့ပေးလိုက်ပါတယ်။ အရင်လိုပဲ တစ်လကို တစ်စီးနှူန်း ပဲ လျှောက်ရမှာပါ။"လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ကုမ္ပဏီ လိုင်စင်နဲ့တင်သွင်းနေသော လုပ်ငန်းသုံးကားများဖြစ်တဲ့ ၁ တန်နှင့်တစ်တန် အောက် ကားများ Mini Truck, Delivery Van ကားများ ကို ပြည်တွင်းသို့တင်သွင်းပြီးကြောင်း ကာစတန် ID မူရင်းပြနိုင်တာကို ယနေ့မှစ၍ ဖြေလျှော့ ပေးသွားမှာဖြစ်တယ်လို့ သိရပါသည်။ ကုမ္ပဏီ လိုင်စင်ဖြင့် ကားတင်သွင်းရာတွင် လိုင်စင် သက်တမ်း တစ်နှစ်ရှိရမည်ဖြစ်ရာ တစ်တန်နဲ့ တစ်တန်အောက် ကားများကို တစ်လကို တစ်စီးနှူန်းသာ လျှောက်ထားခွင့်ရှိတယ်လို့ သိရပါတယ်။ ပင်လယ်ရေကြောင်းမှ လုပ်ငန်းသုံးကားများတင်သွင်းခြင်းနဲ့ နယ်စပ်ဒေသက ကုမ္ပဏီ လိုင်စင်ဖြင့် ကားတင်သွင်းခြင်းများကို တစ်တန်အောက်ကား လျှောက်ထားမှူမြင့်တက်နေတဲ့အတွက် ထိုသို့သော ကန့်သတ်ခြင်းများပြုလုပ်လာ၍ လုပ်ငန်းသုံးတစ်တန်အောက်ကားဈေးနှူန်းမှာလည်း ထပ်မံမြင့်တက်လာလျှက်ရှိနေသည်။ ကုမ္ပဏီ လိုင်စင်နဲ့ ပါမစ်လျှောက်တဲ့ ဈေးတွေကလည်း ဖြေလျှော့လိုက်တဲ့ အတွက် ပါမစ်ဈေးကျဆင်းလာနိုင်မှာဖြစ်ပါတယ်။ ကုမ္ပဏီ လိုင်စင်များမှ ကားတင်သွင်းခြင်း ကန့်သတ်ထားသော်လည်း တစ်ဦးချင်းတင်သွင်းမှူနဲ့ ကားအရောင်းစင်တာများမှ တင်သွင်းနေသည့် အရေအတွက်ကို ကန့်သတ်သွားမည်မဟုတ်ကြောင်း သိရသည်။

ခေတ်သစ်

Author