Full article

လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်၍ ရန်ကုန်မြို့တာ်အတွင်းရှိ ကွန်ကရစ်လမ်းများပေါ်တွင် ကတ္တရာထပ်ပိုးလွှာများ ခင်းကျင်းသွားမည် ဖြစ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းတံတား)' မှ သတင်းရရှိသည်။

download

ကွန်ကရစ်လမ်းများ ခင်းကျင်းရာတွင် ကနဦး ကုန်ကျစရိတ်မှာ ကတ္တရာလမ်းများ ခင်းကျင်းမှုထက် များပြားသော်လည်း နှစ်စဉ် ပြင်ဆင်မှုစရိတ် နည်းပါးသည့်အတွက် ပျက်စီးလမ်းနှင့် အသစ်ခင်းကျင်းမည့် လမ်းများကို ကွန်ကရစ်လမ်းများ ခင်းကျင်းလျက် ရှိသည်ဟု သိရသည်။ ယခုနောက်ပိုင်းတွင် ရန်ကုန်မြို့တွင်းရှိ လမ်းမကြီး အများစုကို ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းခဲ့ရာ လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်၌ လက်ရှိ ခင်းကျင်းထားသော ကွန်ကရစ်လမ်းများပေါ်တွင် ကတ္တရာထပ်ပိုးလွှာများ ခင်းကျင်းမည် ဖြစ်ကြောင်း သိရသည်။ ဒါက အရင်ကတည်းက စီစဉ်ခဲ့တာ၊ ဒီဘဏ္ဍာနှစ်မှာတော့ မြို့တွင်းလမ်း မှန်သမျှကို ကွန်ကရစ်ခင်းဖို့ စီစဉ်ခဲ့တယ်၊ လာမယ့် ဘဏ္ဍာနှစ်ကျမှ ကွန်ကရစ်အပေါ်မှာ နိုင်လွန်ကတ္တရာ နှစ်လက်မ၊ သုံးလက်မ အထူလောက် ထပ်လောင်းမှာပါ၊ ကျန်တဲ့လမ်းတွေကိုလည်း ကွန်ကရစ်ခင်းပြီး ဖြည်းဖြည်းချင်းစီ ကတ္တရာထပ်ပိုးလွှာ လောင်းတာကို ဆောင်ရွက်သွားမယ် ဟု အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)အနေဖြင့် ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်အတွက် ဘဏ္ဍာငွေ ကျပ်သန်းရှစ်ထောင် သုံးစွဲရန် လျာထားသော်လည်း သန်း ငါးထောင်ကျော်သာ ကုန်ကျသုံးစွဲခဲ့သည်။ ယခု ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ငွေကျပ် သန်းလေးသောင်းကျော် ကုန်ကျသုံးစွဲရန် လျာထားပြီး ဘဏ္ဍာရေးနှစ် ကုန်ဆုံးခြင်း မရှိသေးသည့်အတွက် ကုန်ကျသုံးစွဲမှု ဘဏ္ဍာငွေ ထုတ်ပြန်နိုင်ခြင်းမရှိဘဲ ယင်းဘဏ္ဍာငွေဖြင့် ယခု ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်မြို့တွင်းရှိ လမ်းပေါင်း သုံးရာကျော်ကို ကွန်ကရစ်လမ်းအဖြစ် ခင်းကျင်းခဲ့ကြောင်း၊ လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်၌ ယင်းလမ်း သုံးရာကျော်ကို ကတ္တရာ ထပ်ပိုးလွှာများ ခင်းကျင်းမည် ဖြစ်ကြောင်း သိရသည်။

Ref: Auto mobile

Author