Full article

လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တွင်း City Taxi အားလုံး မီတာတပ်ဆင်ပြေးဆွဲနိုင်ရန် ပြန်လည်၍ စီစဉ်သွားမည် ဖြစ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာန'မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Taxi-meter_in_Bangkok

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် City Taxi များ၌ မီတာတပ် ဆင်ခြင်းကို ၂ဝဝ၈ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ဘဲ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ ဆီးဂိမ်းပြိုင်ပွဲကာလ၌ အငှားယာဉ်များ မီတာတပ်ဆင်ပြေးဆွဲရန် ထပ်မံထုတ်ပြန်ညွှန်ကြားခဲ့ရာတွင်လည်း ယာဉ်မောင်းများ လိုက်နာမှု နည်းပါးခြင်း ကြောင့် မီတာစနစ်မှာ ယခု အချိန်အထိ အောင်မြင်မှုမရှိခဲ့ကြောင်း သိရသည်။ "နိုင်ငံတကာမှာ တက္ကစီမှန်သမျှ မီတာတပ်ဆင်ပြေးဆွဲတာပဲ၊ ဆီးဂိမ်းကာလမှာလည်း တက္ကစီတွေမှာ မီတာတပ်ဆင်ပြေးဆွဲဖို့ စီစဉ်ခဲ့တယ်၊ ဒါပေမဲ့ မအောင်မြင်ဘူး၊ လာမယ့်ဘဏ္ဍာနှစ်မှာတော့ မဖြစ်ဖြစ်အောင် စီစဉ်မယ်၊ ဌာနအပြင် နိုင်ငံတော်ရဲ့ ကူညီ ထောက်ပံ့မှုနဲ့ စီမံချက်တစ်ခုလို သွားမယ် ဆိုရင် ဒီကိစ္စ အောင်မြင်မှာပါ" ဟု ရန်ကုန်မြို့တော်စည်ပင်၊ စီမံရေးဌာန ဒုတိယဌာနမှူး ဦးညီညီဦးက ပြောသည်။ City Taxi များ၌ မီတာတပ် ဆင်ပြေးဆွဲခြင်းကို ၂ဝဝ၇ ခုနှစ် က စတင်ခဲ့ခြင်းဖြစ်ပြီး မီတာတစ်လုံးလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် တပ်ဆင်ခွင့်ရ သက်ဆိုင်ရာကုမ္ပဏီသို့ ပေးသွင်းခဲ့ရ ကြောင်း သိရသည်။ "အရင်ကစီမံချက်နဲ့ စီအင်န် ဂျီပြောင်းပြီး တက္ကစီတွေအားလုံး မီတာတပ်ရမယ်ဆိုပြီး ရှိခဲ့တယ်၊ တပ်ဆိုတော့လည်း တပ်ခဲ့ရတာပဲ၊ မီတာတစ်လုံးကို ဈေးကြီးကြီးပေးပြီး ကျပ်နှစ်သိန်းလောက်နဲ့ တပ်ခဲ့ ရတယ်၊ ပြီးတော့ မီတာစနစ်နဲ့ ပြေးဆွဲမှုမရှိရင် ဒဏ်ရိုက်အရေးယူပြန်တော့ မီတာဖွင့်ပြီး မောင်းကြရပြန်ရော၊ ခရီးသည် တွေ ကိုယ်တိုင်က လိုလိုလားလား မစီးချင်တာ၊ အခုလို နေရာအနှံ့ ကား ပိတ်နေတဲ့ပုံစံနဲ့ဆိုရင် ပိုဆိုးမယ်၊ ကျွန်တော်တို့က မီတာနဲ့ဆွဲဆိုရင်လည်း ဆွဲပေးလို့ရတယ်၊ ကား တွေအားလုံး ပုံစံတူ၊ အခွင့်အရေး တူ၊ တပ်တဲ့မီတာတွေလည်း တူရမယ်၊ ဈေးသက်သာရမယ်၊ မီတာနဲ့စီးတဲ့ဈေးနဲ့ ညှိနှိုင်းဈေးကွာခြား မှုမရှိဘူးဆိုတာကို ပြည်သူကို အသိ ပညာ ပေးရမယ်ဟု စီးတီး တက္ကစီ ယာဉ်မောင်းတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။ မီတာအသုံးပြု Taxi များ၌ ခရီးသည်မှ ယာဉ်ပေါ် စတက်တက်ချင်း ငွေကျပ် ငါးရာနှင့် ခရီး တစ်ကီလိုမီတာလျှင် စီးနင်းခ ငွေကျပ် တစ်ရာ၊ မီးပွိုင့်တွင် ယာဉ်ရပ်တန့် ခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုများတွင် ယာဉ်ရပ်နား စောင့်ဆိုင်းခအတွက် တစ်မိနစ် ကျပ် ငါးဆယ်နှုန်း ဖြစ်ကြောင်း သိရသည်။

Ref: Automobile

Author