စင်္ကာပူနိုင်ငံ COE စနစ်ကဲသို့ မလုပ်ဘဲ ရန်ကုန်လိုင်စင် ရယူလျှင် အခွန်နှုန်ထားကျသင့်မည့် စနစ် အသုံးပြုမည်

0

Full article

၂ဝ၁၈ ဧပြီလတွင် စတင်လုပ်ဆောင်မည့်မည့် COE စနစ်သည် စင်္ကာပူနိုင်ငံ COE စနစ်ကဲသို့ မလုပ်ဘဲ ရန်ကုန်လိုင်စင် ယူပါက အခွန်နှုန်ထား ကျသင့်မည့် စနစ် အသုံးပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲက သိရပါသည်။

စင်္ကာပူနိုင်ငံတွင် ကျင့်သုံးနေလျှက်ရှိသော ကားတင်သွင်းခွင့်လက်မှတ် COE စနစ်သည် တင်သွင်းလာသည့် ကားအစီးရေကို ချိန်ညှိ၍ အစိုးရမှ ၃ လတစ်ကြိမ် ဈေးဖွင့်ပေးရပြီး ကားအစီးရေများလာပါက COE ဈေးနှုန်းကို မြင့်လိုက်ကာ ကားတင်သွင်းမှုနည်းလာပါက COE ဈေးနှူန်း လျှော့ချပေးသည့် စနစ်ဖြစ်ကြောင်းသိရပါသည်။

ထိုကဲ့သို့ စင်္ကပူနိုင်ငံတွင် လုပ်ဆောင်နေသကဲ့သို့ COE စနစ်အား ပုံတူကူးချ၍ လုပ်ဆောင်မှာ မဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီးနှင့် ကိုက်ညီသောစနစ်ဖြစ်သည့် ရန်ကုန်လိုင်စင် ရယူလိုပါက အခွန်းနှုန်းထားကောက်ခံသော စနစ်ကိုသာ ပြုလုပ်ရန် လျှာထားကြောင်း သိရပါသည်။

"စင်္ကာပူမှာ လုပ်တဲ့ COE စနစ်လိုတော့ မလုပ်ပါဘူး။ ရန်ကုန်လိုင်စင်ရနိုင်တဲ့ တစ်ခြားစနစ်တစ်ခု ကို လုပ်မှာပါ။ ပုံတူကူးလို့လည်း မရပါဘူး။"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ရန်ကုန်လိုင်စင်ရမည့် ကားတင်သွင်းခွင့်မူဝါဒအား စီးပွားကူးသန်းဝန်ကြီးဌာနနှင့်ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အောက်တိုဘာ ၂၇ တွင် ရန်ကုန်မြို့ကုန်သည်စက်မှုအသင်းချုပ်တွင်ပြုလုပ်သည့် (၁၁)ကြိမ်မြောက် နို်င်ငံတော် ဒုတိယသမ္မတ (၁) နှင့်မြန်မာ့စိးပွားရေးလုပ်ငန်းရှင်များပုံမှန်တွေ့ဆုံပွဲ၌ ဝန်ကြီးချုပ်ကအထက်ပါ အ တိုင်းပြောကြားခဲ့ဖူးသည်။

Author