COE စနစ် ရန်ကုန်လိုင်စင် ဝယ်ယူပါက သက်တမ်းနှစ် ၂ဝ အထိ သတ်မှတ်၍ တစ်နှစ်လျှင် ကားအစီးရေ ၅ ရာခိုင်နှုန်း သာ တင်သွင်းခွင့်ပေးမည်

0

Full article

၂၀၁၈ ဧပြီလတွင် စတင်ခွင့်ပြုမည့် ရန်ကုန်လိုင်စင်အတွက် Certificate of Entitlement (COE ) လတ်မှတ်ဝယ်ယူပါက သက်တမ်းနှစ် ၂၀ အထိ သတ်မှတ်၍ တစ်နှစ်လျှင် ကားအစေီးရ ၅ ရာခိုင်နှုန်းသာ တင်သွင်းခွင့်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က သိရသည်။

ရန်ကုန်လိုင်စင်အတွက် COE စနစ်လုပ်ဆောင်ရာတွင် COE စနစ် သက်တမ်းတစ်ခု သတ်မှတ်ပြီး သက်တမ်းကုန်ပါက COE လတ်မှတ်ကို ထပ်မံဝယ်ယူရမြှာဖစ်ကြောင်း သိရသည်။

" လေောလာဆယ်အကြမ်းမျဉ်းလုပ်မယ့် အစီအစဉ်ကို ချြပထားတာပါ။ ရန်ကုန်လိုင်စင် COE လတ်မှတ်ဝယ်မယ်ဆိုရင် သက်တမ်း နှစ် ၂၀ သတ်မှတ်ထားပါတယ်။ ဒါကလည်း အများကြေီးဆွေးနွးရဦးမှာပါ။ တစ်နှစ်ကို ကားအစီး ၅ ရာခိုင်နှုန်းပဲ လက်မှတ် ရောင်းတဲ့စနစ် သွားဖို့ရှိတယ်။" ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မော်တော်ယာဉ်အစေီးရ မျာ်းပားလာမႈကို ထိန်းချူပ်နိုင်ရန်အတွက် ကားပါကင်ထောက်ခံချက်ဖြင့် ကားတင်သွင်းခွင့်ပြုခြင်းကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်လုပ်ဆောင်ခဲ့ပြီး ကားပါကင်လိပ်စာနှင့် ကားတင်သွင်းသည့် လိပ်စာ မတူညီမှုမျြားဖစ်နေမှုကြောင့် ၂၀၁၆ ဧပြီလ ၁ ရက်နေ့မှစ၍ ရန်ကုန်လိုင်စင်ဖြင့်ကားတင်သွင်းခွင့်ပြုခြင်းကို ရပ်ဆိုင်းခေဲ့ကြာင်း သိရသည်။

Author