COE စနစ်ဖြင့် ကားတင်သွင်းမှု အရေအတွက်ကို ထိန်းချူပ်မည်ဟုဆို

0

Full article

ရန်ကုန်တွင်လုပ်မည့် ကားတင်သွင်းခွင့် COE (Certificate of Entitlement) စနစ်သည် စင်္ကာပူတွင် လုပ်ဆောင်နေသော ပုံစံအတိုင်း ကူးယူမည် မဟုတ်ဘဲ ကားတင်သွင်းရသည့် အရေအတွက်ကိုသာ ကန့်သတ်မှာ ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

"COE စနစ်ကို စင်္ကာပူမှာ လုပ်နေသလို ပုံတူကူးချမှာမဟုတ်ဘူး။ နိုင်ငံချင်းကလည်း ကွာတယ်။ ဧပြီလလောက်မှာ စဖို့လျာထားပါတယ်။ ကားတင်သွင်းရတဲ့ အရေအတွက်ကိုတော့ ထိန်းချူပ်မှာပါ။"ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ကားတင်သွင်းခွင်လက်မှတ် COE စနစ်သည် စင်္ကာပူနိုင်ငံတွင် လက်ရှိကျင်သုံးနေသောစနစ်ဖြစ်ပြီး နိုင်ငံအတွင်းသို့ ပြည်ပမှ တင်သွင်းရောက်ရှိနေသည် ကားအစီးအရေအတွက်ကို ချိန်ညှိ၍ စင်္ကာပူအစိုးရမှ ၃ လတစ်ကြိမ် COE လေလံဈေးကိုဖွင်ပေးသည်။ ထိုစနစ်တွင် နိုင်ငံအတွင်း တင်သွင်းရောက်ရှိလာသည်ကားအစီးအရေအတွက်အနည်းအများကိုမူတည်၍ COE လေလံဈေးနှုန်းကို အနိမ့အမြင် ပြောင်းလဲ၍ဖွင်သည်။ ကားတင်သွင်းမှုများပါက COE ဈေးနှုန်းကိုမြှင်တင်ပြီး ၊ တင်သွင်းမှုနည်းပါက ဈေးနှုန်းကိုလျော့ချပေးခြင်းဖြင့ လေလံဈေးကို ချိန်ညှိ လုပ်ဆောင်ပေးသောစနစ်ဖြစ်သည်။

ရန်ကုန်ကားတင်သွင်းသည့် အရေအတွက်ကို ၂ဝ၁၈ ဘဏ္ဍာနှစ်တွင် COE စနစ်ဖြင့်သွားမည် ဖြစ်ကြောင်း စက်တင်ဘာ လ ၃ ရက်တွင် ယနေ့ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel & Resorts Yangon တွင်ပြုလုပ်သော MAN Dealership Agreement Signing Ceremony အခမ်းအနားတွင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ ပြောကြားခဲ့သည်။

ခေတ်သစ်

Author