COE စနစ်တွင် ရန်ကုန်တိုင်းအတွက် သီးသန့်လုပ်ဆောင်မှာဖြစ်ပြီး SKD ကားများလည်း ပါဝင်မည်

0

Full article

လာမည့် ၂ဝ၁၈ ဧပြီလတွင် စတင်ခွင့်ပြုပေးမည့် ရန်ကုန်လိုင်စင်အတွက် COE စနစ်လုပ်ရန် လျှာထားရာ ရန်ကုန်တိုင်း အတွက် သီးသန့် လုပ်ဆောင်မည်ဖြစ်ပြီး SKD ကားများလည်း ပါဝင်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ ကသိရသည်။

"အခုက COE စနစ်လုပ်ဖို့ သက်ဆိုင်တဲ့ ကားအသင်းတွေကနေ အကြံညဏ်တွေတောင်းထားတယ်။ COE စနစ်က ရန်ကုန်တိုင်းတစ်ခုအတွက်ကိုပဲ လုပ်တာပါ။ ဧပြီလလောက်တော့ စဖို့ လျှာထားတယ်။ လုပ်ဖြစ်မယ်ဆိုရင် SKD ထုတ်ကားတွေအတွက်လည်း စဉ်းစားရမယ့်အထဲပါပါတယ်။"ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ က တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြေလျှော့စေရန်အတွက် ရန်ကုန်လိုင်စင်ဖြင့်ကားတင်သွင်းခွင့်ပြုခြင်းကို ၂ဝ၁၆ ခုနှစ်တွင် ရပ်ဆိုင်းထားရှိပြီး လာမည့် ၂ဝ၁၈ ခုနှစ် ဧပြီလ တွင် ပြန်လည်ခွင့်ပြုပေးမည်ဟု MAN Dealership Agreement Signing Ceremony အခမ်းအနားတွင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ ပြောကြားထားရှိခဲ့သည်။

ရန်ကုန်လိုင်စင်ပြန်ခွင့်ပြုရန် ဝန်ကြီးချုပ် ပြောထားသော Certificate of Entitlement (COE ) စနစ်ကို စတင်လုပ်ဆောင်ရန်အတွက် ကားတင်သွင်းမှုနှင့် ပတ်သက်သော ဌာနများနှင့် Brand New ကားတင်သွင်းရောင်းချနေသူများ က မော်တော်ယာဉ်တင်သွင်းဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းကို အကြံပြုချက်များ တောင်းခံထားရှိ ကြောင်း သိရသည်။
R-01

Author