COE စနစ် သက်တမ်း တစ်ခု သတ်မှတ်ပြီး သက်တမ်းကုန်ပါက တင်သွင်းခွင့် လက်မှတ်ထပ်မံဝယ်ရမည်

0

Full article

ရန်ကုန်လိုင်စင်အတွက် COE စနစ်လုပ်ဆောင်ရာတွင် COE စနစ် သက်တမ်း တစ်ခု သတ်မှတ်ပြီး သက်တမ်းကုန်ပါက တင်သွင်းခွင့် လက်မှတ်ထပ်မံဝယ်ယူရမည်ဖြစ်ကြောင်း COE စနစ်အတွက် ဆွေးနွေးပွဲများတွင် ပါဝင်နေသူများ ထံကနေ သိရသည်။

လာမည့် ဧပြီလ တွင် စတင်ခွင့်ပြုပေးမည့် ရန်ကုန်လိုင်စင်အတွက် Certificate of Entitlement (COE) စနစ်ကို ပြုလုပ်ရန် လျှာထားရာ ဆွေးနွေးမှုများလုပ်ဆောင်နေသော အဆင့်သာ ရှိနေသေးကြောင်း သိရသည်။

"ရန်ကုန်လိုင်စင်အတွက် COE စနစ်လုပ်ဖို့ အကြံဉာဏ်တွေရယူပြီး ဆွေးနွေးထားတာတွေရှိတယ်။ COE စနစ်က ရန်ကုန်တိုင်းတစ်ခုအတွက်ကိုပဲ လုပ်တာပါ။ သက်တမ်းတစ်ခုတော့ သတ်မှတ်ပြီး သက်တမ်းပြည့်ပြီးရင် နောက်ထပ်လက်မှတ်ဝယ်ရမှာပါ။ " ဟု ရန်ကုန်လိုင်စင်ပြန်ပေးရန် COE စနစ်အတွက် ဆွေးနွေးပွဲများတွင် ပါဝင်သော အရာရှိတစ်ဦးက ပြောကြားသည်။

၂ဝ၁၈ ခုနှစ် ဧပြီလ COE စနစ်ဖြင့် ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြုပေးမည်ဟု MAN Dealership Agreement Signing Ceremony အခမ်းအနားတွင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားခဲ့သည်။

ရန်ကုန်လိုင်စင်ပြန်ခွင့်ပြုရန် ဝန်ကြီးချုပ်ပြောထားသော Certificate of Entitlement (COE) စနစ်ကို လုပ်ဆောင်ရန်ကားတင်သွင်းမှုနှင့် ပတ်သက်သော ဌာနများနှင့် Brand New ကားတင်သွင်းရောင်းချနေသူများနှင့် မော်တော်ယာဉ်တင်သွင်းဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်းကို အကြံပြုချက်များ တောင်းခံထားရှိကြောင်း သိရသည်။
R-01

Author