သမဝါယမဝန်ကြီးဌာန၏ ပံ့ပိုးငွေကျပ် (၄၅ဝ၅)သိန်းရရှိထားသည့် ပိတောက်ကွေ့သယ်ယူပို့ဆောင်ရေး သမဝါယမအသင်းသည် အသင်းသားများကို အရစ်ကျရောင်းချပေးမည့် တက္ကစီမော်တော်ယာဉ်( ၅၃) စီးကို ဇွန်လ(၂)ရက်နေ့ကစတင်၍ မည်သူ့ကိုမဆို ရောင်းချပေးမည်ဆိုသော်လည်း အသင်းသားအချို့ကို ရောင်းပေးနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။
သမဝါယမအသင်းခွဲတစ်ခုဖြစ်သော ပိတောက်ကွေ့သယ်ယူပို့ဆောင်ရေး သမဝါယမအသင်းများကိုသာ Probox (၅၃)စီး ရောင်းချပေးခဲ့ပြီး ကျန်သမဝါယမအသင်းသားများကို ဝယ်ယူခွင့်မပေးခဲ့ကြောင်း သိရှိရသည်။ မော်တော်ယာဉ်ဝယ်ယူလိုပါက သယ်ယူပို့ဆောင်ရေးအသင်းဝင်ဖြစ်ရမည်ဖြစ်ပြီး တက္ကစီကို ကိုယ်တိုင်မောင်းနှင်ရမည်ဖြစ်ကြောင်း၊ လက်ရှိအသင်းဝင်(၂ဝဝ)ခန့်ရှိပြီး (၅၃)ဦးသာရရှိသေးပြီး အသင်းဝင်(၁၄၂)ဦးကျန်သေးကြောင်း သိရှိရသည်။
Probox တစ်စီးလျှင် ကျပ်(၁ဝ၅)သိန်းဖြင့်ရောင်းချပေးပြီး ပထမအရစ်ငွေကျပ်သိန်း(၂ဝ) ပေးချေရမည်ဖြစ်ကြောင်း၊ တနေ့လျှင် ငွေကျပ်တစ်သောင်းခန့် သွင်းရမည်ဖြစ်ပြီး(၃၆)လအထိ ပေးသွင်းရမည်ဖြစ်ကြောင်း သမဝါယမဦးစီးဌာန ဒု-ညွန်ကြားရေးမှုး ဦးလှဟန်ကပြောကြားသည်။
The Voice Daily မှ ကူးယူဖော်ပြသည်။