သက်တမ်းကုန် CNG အိုးများ အစားထိုးလဲရန် CNG အိုး အလုံး ၁ဝဝဝ တင်ဒါခေါ်

0

Full article

Photo Credit

YBS ကားများတွင် အသုံးပြုထားသော သက်တမ်းကုန်ဆုံးနေသည့် CNG အိုးများအား အစားထိုးလဲ လှယ်ရန် CNG အိုး အလုံးပေါင်း ၁ဝဝဝတင်သွင်းမည့် ကုမ္ပဏီကို တင်ဒါခေါ်ယူမှာ ဖြစ်သည် ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၏ တင်ဒါရွေးချယ်အဖွဲ့ထံမှ သိရသည်။

ခရီးသည်တင်ကားများတွင် အသုံးပြုနေသည့် CNG အိုးများသည် သက်တမ်းကုန်လွန်နေသဖြင့် အိုးအသစ်များကို အစားထိုးလဲလှယ်ရန် တိုင်းရင်သားများပိုင် ပြည်တွင်းကုမ္ပဏီများကို တင်ဒါတင်သွင်း နိုင်ရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။

တင်ဒါခေါ်ယူမည့် လုပ်ငန်းအကြောင်းအရာမှာ CNG Cylinder for vehicles ဖြစ်၍ CNG type II with value အမျိုးအစား 1-Lot အလုံး ၁ဝဝဝ အတွက် တင်ဒါခေါ်ယူသွားမှာ ဖြစ်တယ်လို့ သိရသည်။

"ခရီးသည်တင်ကားတွေမှာ CNG အိုးတွေက သက်တမ်းကုန်နေပြီဖြစ်လို့ အသစ်တွေနဲ့ အစားထိုးလဲလှယ်ပြီး အသုံးပြုသွားမယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ က တာဝန်ရှိသူတစ်ဦးကပြောပါသည်။

တင်ဒါခေါ်ယူမည့် ကိစ္စအတွက် စာရွက်စာတမ်းများအား အမှတ် ၆၅ လေးထောင့်ကန်လမ်း YRTA ရုံးချုပ် ကျိူက်က္ကဆံ စူပါဝမ်း အနီး ရုံးချိန်အတွင်း ယနေ့ မှ စ၍ စက်တင်ဘာ ၁၁ ရက်အထိ ဝယ်ယူနိုင်သည်ဟု သိရသည်။

ခေတ်သစ်

Author