အဆိုပါ စီမံချက်အား ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အို/ဟောင်း အပ်နှံစဉ်က CNG အသုံးပြုယာဉ်များ ပြန်လည်တပ်ဆင်ခွင့် ပြုပေးမှု အနေဖြင့် ၉၅ ဒသမ ၂၉ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သည်ဟု သိရသည်။ "CNG တပ်ဆင်အသုံးပြုခဲ့တဲ့ ယာဉ်တွေကို ပြန်လည်တပ်ဆင်ခွင့် ပြုတဲ့နေရာမှာ ဦးစားပေးအနေနဲ့ ခရီးသည်တင်ယာဉ်ကနေ ခရီးသည်တင်၊ တက္ကစီယာဉ်ကနေ တက္ကစီ၊ ခရီးသည်တင်ကနေ တက္ကစီ၊ တခြားလိုင်စင်တွေကနေ တက္ကစီဆိုပြီး ပြောင်းလဲတပ်ဆင်မှုတွေကို ခွင့်ပြုပေးခဲ့ပါတယ်"ဟု 'စွမ်းအင်ဝန်ကြီးဌာနခွဲ'မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ CNG အသုံးပြုရရှိထားသည့် မော်တော်ယာဉ် အစီးရေ ၂၆,၇၉ဝ ခန့်ရှိပြီး အို/ဟောင်း စီမံချက်အရ CNG ပြန်လည် တပ်ဆင်ခွင့် ပြုရမည့်ယာဉ် ခန့်မှန်း အစီးရေ ၁၂,၃၅၆ ခန့်ရှိကာ လက်ရှိတွင် ၁ဝ,၈၇၆ စီး ခွင့်ပြုပေးပြီး ဖြစ် ကြောင်း သတင်းရရှိသည်။
Ref: Automobile