CNG ဆိုင်များ ရန်ကုန်မြို့ပြင်သို့ ပြောင်းလဲထားရှိရန်ရှိ

0

Full article

ရန်ကုန်မြို့တွင်း ခရီးသည်တင် YBS ကားများအတွက် CNG ထည့်သွင်းရသည့် ဆိုင်များကို ရန်ကုန်မြို့ပြင်တွင် ပြောင်းလဲထားရှိရန် စီစဉ်နေလျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်သုံး သဘာဝဓတ်ငွေ့ ရောင်းချရေးဌာနက နေသိရပါသည်။

ထိုကဲ့သို့ CNG ဆိုင်များ ရန်ကုန်မြို့ပြင်သို့ ပြောင်းလဲမှုအတွက် မြေနေရာရရှိပြီးပါက ပြောင်းလဲမည်ဖြစ်ရာ ခရီးသည်တင် YBS ကားများ CNG ထုတ်ယူမှုနေရာသာ ပြောင်းလဲသွားမှာဖြစ်ပြီး တက္ကစီကားများ CNG ထုတ်ယူမှုကို ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။

"ခရီးသည်တင် YBS ကားတွေအတွက်ပဲ မြို့ပြင်နေရာကို ပြောင်းဖို့ရှိပါတယ်။ တက္ကစီ ကားတွေကတော့ အရင်လိုပဲ CNG ဆိုင်တွေမပြောင်းပါဘူး။ ဒါကလည်း မြေနေရာအတိအကျမသိသေးတာကြောင့် ချက်ခြင်းကြီးတော့ မလုပ်ဖြစ်သေးပါဘူး။"ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်သုံး သဘာဝဓတ်ငွေ့ ရောင်းချရေးဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်သုံး သဘာဝဓတ်ငွေ့ ရောင်းချနေသည့် အရောင်းဆိုင်ပေါင်း ၄၁ ဆိုင်ရှိပြီး YBS ကားများအတွက် CNG အရောင်းဆိုင် ၃၁ ဆိုင်နှင့် တက္ကစီကားများအတွက် CNG ရောင်းချပေးနေသော ဆိုင်ပေါ်င်း ၁ဝ ဆိုင်ရှိကြောင်း သိရသည်။

Author