City Transit မြို့ပတ်ယာဉ်လိုင်းပြေးဆွဲမှု ယာယီရပ်နားသွားမည်

0

Full article

City Transit (YBS မြို့ပတ်) ယာဉ်လိုင်းပြေးဆွဲမှုကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၆ ရက်နေ့မှစတင်ကာ ယာယီရပ်နားသွားမည်ဖြစ်ကြောင်း City Transit ကုမ္ပဏီ ၏ ထုတ်ပြန်ချက်ကြေညာချက်အရ သိရသည်။

လတ်တလောဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါကြောင့် YBS ယာဉ်လိုင်းများတွင် စီးနင်းသူအရေအတွက်ကျဆင်းနေပြီး ယာဉ်လိုင်းကုမ္ပဏီများအနေဖြင့် အရှုံးပေါ်လျက်ရှိရာ ယခုအခါ City Transit ကုမ္ပဏီ၏ YBS မြို့ပတ်ယာဉ်လိုင်းပြေးဆွဲမှုကို လာမည့် ဇွန်လ ၁၅ ရက်နေ့မှ စတင်ကာ ပြေးဆွဲမှုကို ယာယီရပ်နားသွားမည်ဖြစ်ကြောင်း City Transit ကုမ္ပဏီ၏ ထုတ်ပြန်ကြေညာချက်အရသိရသည်။ YBS မြို့ပတ်ယာဉ်လိုင်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ယာဉ်စီးရေ ၂၀ ဖြင့်စတင်ပြေးဆွဲခဲ့ပြီး ယခုအခါ စီးနင်းသူခရီးသည် အနေအထားကြောင့် ပြေးဆွဲမှုကို ခေတ္တ ရပ်နားလိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့သည်။ YBS မြို့ပတ်ယာဉ်လိုင်းသည် ဒီဇယ်စွမ်းအင်သုံး Scania အမျိုးအစား City Bus များဖြင့်ပြေးဆွဲခြင်းဖြစ်သည့်အတွက် CNG စွမ်းအင်သုံး YBS ယာဉ်များထက် ကုန်ကျစရိတ်ပိုမိုများပြားသောကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံတင်ပြကာ ပြေးဆွဲမှုကို ခေတ္တဆိုင်းငံ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်ကာလများတွင် YBS မြို့ပတ်ယာဉ်များတွင် စီးနင်းသူအရေအတွက်များ တစ်ရက်လျှင် ခရီးသည်ဦးရေ ၉,၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ယခုအခါ စီးနင်းသူမှာ တစ်ရက်လျှင် ခရီးသည်ဦးရေ ၁၀၀ ဝန်းကျင်ခန့်သာရှိတော့ကြောင်းသိရသည်။

Author