city taxi များ မှတ်ပုံတင်ပြုလုပ်မှု အင်းစိန် YRTA ရုံးခွဲတွင် မှတ်ပုံတင် ပြုလုပ် ပေးသွား မည်

0

Full article

ရန်ကုန်တွင် မောင်းနှင်နေသော city taxi ယာဉ်များ မှတ်ပုံတင် ပြုလုပ်ရာတွင် အနောက်ပိုင်းခရိုင်နှင့်မြောက်ပိုင်းခရိုင်တွင်ပါဝင်သော မြို့နယ်များရှိတက္ကစီများကို အင်း စိန် YRTA ရုံးတွင် မှတ်ပုံတင် ပြုလုပ်ပေးသွားမည်ဟု ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ထံကနေ သိရသည်။

"အရင်က သိပ်ပြီးလာမလုပ်ကြဘူး။ အခုအမိန့်ထုတ်လိုက်ပြီး နောက်ပိုင်း စီးတီးတက္ကစီ မှတ်ပုံတင် လာလုပ်တာအရမ်းများလာလို့ အင်စိန်ဘက် ရုံးကို ခွဲပြီး လုပ်ပေးမှာပါ။"ဟု အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ကျိုက်က္ကဆံ YRTA ရုံးချုပ်တွင် ရန်ကုန်တိုင်းအတွင်း အဌားယာဉ်များ မှတ်ပုံတင်ပြုလုပ်ပေးနေရာ လာရောက်ပြုလုပ်နေသော ကားအစီးရေ များပြားလာနေ၍
ယခုအပတ်မှစတင်ပြီး အင်းစိန်YRTA ရုံးမှာ တိုးချဲ့ပြုလုပ်ပေးခြင်း ဖြစ်သည်ဟု သိရ သည်။

စီးတီးတက္ကစီ မှတ်ပုံတင် ပြုလုပ်ခြင်းကို ဒီဇင်ဘာလအကုန် မှတ်ပုံတင်လုပ်ဆောင်ရန် နှိုး ဆော်သတ်မှတ်လိုက်ပြီး မှတ်ပုံတင်မပြုလုပ်ထားသည့် ကားများကို အရေးယူမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တွင် ပြေးဆွဲမောင်းနှင်နေသည့် အဌားယာဉ်များသည် city taxi မှတ်ပုံတင်ပြုလုပ်ရာတွင် သက်ဆိုင်ရာမြို့နယ် ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံး၏ ထောက်ခံချက်ပါရှိရ မည်ဖြစ်ပြီး မော်တော်ယာဉ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်း၊ အုံနာဘုတ်၊ ယာဉ်မောင်းလိုင်စင်မိတ္တူများ ယူဆောင်လာရမည်ဖြစ်ကာ city taxi မှတ်ပုံတင်အသစ်
ပြုလုပ်ပါက ငွေကျပ် ၂သောင်း နီးပါးကုန်ကျမည်ဖြစ်ကြောင်းသိရသည်။

P-01

Author