Full article


လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ခရီးသည်တင် အများပိုင်ယာဉ်လိုင်းစီးနင်းသူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် အဓိကထား လုပ်ဆောင်ပီးမှသာ Taxi များစနစ်တကျပြေးဆွဲနိုင်မည့်ကိစ္စအားကိုင်တွယ်မှာ ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကသိရပါတယ်။လက်ရှိတွင် ရန်ကုန်မြို့တွင်း ခရီးသည်ယာဉ်စီးနင်းမှူကို အများပိုင်ယာဉ်လိုင်း ၇၉ လိုင်း ယာဉ်အစီးရေ ၂၈ဝဝ ကျော်ဖြင့် ဇန်နဝါရီ ၁၆ ရက်နေ့မှစတင်ပြေးဆွဲပေးနေလျှက်ရှိသည်။ထို အများပိုင်ယာဉ်လိုင်း စနစ်ကို အခက်အခဲမရှိစေရန် လုပ်ဆောင်ပီးသွားမှသာ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော Taxi များ စနစ်တကျပြေးဆွဲသွားလာနိုင်ရေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

City taxi တွေကို စာရင်းကောက်ခံဖို့ ညွှန်ကြားချက်မထုတ်ထားသလို လုပ်ဆောင်သွားမည်ဆိုပါက တရားဝင်ကြေငြာချက်ထုတ်ပြန်ပီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောထားပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်အဌားယာဉ်များ စနစ်တကျ သွားလာမှူကို လုပ်ဆောင်သွားရန်ရှိနေပြီး လိုင်စင်မဲ့ကားများကိုလည်း အရေးယူဆောင်ရွက်ထားရန်လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ထိုသို့ လုပ်ဆောင်မှူများကို ခရီးသည်တင်ယာဉ်များ စနစ်တကျသွားလာနိုင်ရန်အဓိကထား လုပ်ဆောင်ပြီးမှသာ စတင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသုံးပြုသွားလာနေသည့်အဌားယာဉ်အစီးရေ ၆ဝဝဝဝ ကျော်ရှိနေပြီး နံပါတ်အနက်မှ နံပါတ်အနီသို့ပြောင်းလဲထားသည့်ကားအစီးရေ ၂၇ဝဝဝ ကျော်ရှိနေတယ်လို့သိရပါတယ်။

ခေတ်သစ်

Author