city taxi မှတ်ပုံတင်ရန် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ တိုကင်ယူထားသော တက္ကစီကားများကို ဇန်နဝါရီလကုန်အထိ မှတ်ပုံတင်ပြုလုပ်ပေးမည်

0

Full article

city taxi မှတ်ပုံတင်ရန် ဒီဇင်ဘာလ ၃၁ ရက်အထိ တုံကင်ယူထားသော တက္ကစီကားများကို ဇန်နဝါရီလကုန်အထိ မှတ်ပုံတင်ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း အများပြည်သူသယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ဝင်တစ်ဦးထံကနေ သိရသည်။

city taxi မှတ်ပုံတင်ပြုလုပ်ခြင်းကို ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထား ပြုလုပ်ရန်သတ်မှတ်ခဲ့သော်လည်း ယနေအထိ မှတ်ပုံတင်သက်တမ်းတိုး အသစ်ပြုလုပ်ရန် ကားများကျန်ရှိနေသေးသဖြင့် city taxi မှတ်ပုံတင်ကာလ ၁ လထပ်တိုးခွင့်ပြုထားခြင်းဖြစ်သည်ဟု သိရသည်။

"city taxi တွေမှတ်ပုံတင်လုပ်တာကို ဒီဇင်ဘာလထဲမှာ တုံကင်ယူထားတဲ့ကားတွေဆိုရင် ဇန်နဝါရီ လကုန်အထိ လုပ်ပေးမှာပါ။ သက်တမ်းပျက်နေတဲ့ကားတွေများနေတာလည်းပါတယ်။ မှတ်ပုံတင်လုပ်ဖို့ စာရင်းပေးထားတာကို အခုလကုန်ထိ လက်ခံပေးမှာပါ။"လို့ အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

လက်ရှိတွင် ကျိူက်က္ကဆံ YRTA ရုံးချူပ်နှင့် အင်းစိန် YRTA ရုံးတို့တွင် မှတ်ပုံတင် ပြုလုပ်ပေးနေပြီး ရပ်ကွက်ထောက်ခံချက် ဓါတ်ပုံ ၂ ပုံ ၊ မှတ်ပုံတင်မူရင်း မိတ္တူနှင့် ဝှီးတက်များ ယူဆောင်လာရမည်ဖြစ်ကြောင်းသိရသည်။

ယခု ဒီဇင်ဘာလ မကုန်ခင် city taxi မှတ်ပုံတင်ပြုလုပ်သော ကားများ များပြားလာနေပြီး မှတ်ပုံတင်ပြုပြီးသော ကားအစီးရေ ၆,ဝဝဝ ကျော်ရှိကာ သက်တမ်းပျက်နေ၍ မှတ်ပုံတင် သက်တမ်းတိုးလာရောက်ပြုလုပ်သော ကားအစီးရေ ၁၃,ဝဝဝ ခန့် ပြုလုပ်ပေးနေကြောင်းသိရသည်။

city taxi မှတ်ပုံတင်ပြုလုပ်ရန် တက္ကစီကားအစီးရေ များပြားစွာ ကျန်နေသေးကြောင်းလည်းသိရသည်။

Author