City Taxi မှတ်ပုံတင် ပြုလုပ်သည့် တက္ကစီများကို စီစစ်၍ နယ်လိုင်စင် တက္ကစီများ ကိုင်တွယ်မှုပြုလုပ်မည်

0

Full article

ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေသည့် City Taxi ကားများ မှတ်ပုံတင် ပြုလုပ်မှုများ၊ စီစဉ်အရေးယူမှုများ ပြုလုပ်ကာ နယ်လိုင်စင် ကားများကိုလည်း ကိုင်တွယ်သွားတော့ မှာ ဖြစ်သည်ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ထံကနေ သိရပါသည်။

City taxi ကားများကို YRTA တွင် အမြန်ဆုံး မှတ်ပုံတင် လာရောက်ပြုလုပ်ရမှာဖြစ်ပြီး မှတ်ပုံတင်မလုပ်ဆောင်ထားသော ကားများနှင့် နယ်လိုင်စင်ဖြင့် ဝင်ရောက်ပြေးဆွဲ နေသောကားများကိုလည်း ကိုင်တွယ်မှုများ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။

" City taxi မှတ်ပုံတင်လာမလုပ်တဲ့ကားတွေ အများကြီးရှိနေတယ်။ အမြန်ဆုံး မှတ်ပုံ တင် လုပ်ဆောင်ဖို့ကို ကြေငြာသွားမယ်။ နယ်လိုင်စင်နဲ့ ကားတွေကိုလည်း ဆက်လက်ကိုင်တွယ်သွားမယ်" ဟုအများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းတွင် ပြေးဆွဲနေသော တက္ကစီများကို ကိုင်တွယ်ထိန်းချုပ်ရန် ရန်ကုန် တိုင်းဝန်ကြီးချုပ်က အစည်းအဝေးများတွင် မကြာခဏဆိုသလို ပြောကြားခဲ့မှုများရှိနေ သည်။

ရန်ကုန်တိုင်းတွင် ရာသက်ပန် အဌားယာဉ် တက္ကစီ များဖြစ်သည့်AA , BB ,CC , ကားများသည် ကားအစီးရေ ၃ဝဝဝဝ နှင့် ရာသက်ပန်မဟုတ်သည့် တက္ကစီများဖြစ်သော
နံပါတ်အနက်မှ နံပါတ် အနီပြောင်းထားသည့် Taxi ကားအစီးရေ ၃ဝဝဝ စုစုပေါင်း ၃၃ဝဝဝ ရှိရာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ နယ်လိုင်စင်ဖြင့် ဝင်ရောက်ပြေးဆွဲ့နေသော ကားများလည်း ရှိနေကြောင်းသိရပါသည်။

Author