စီးတီးတက္ကစီ မှတ်ပုံတင်အသစ် ပြုလုပ်သည့် တန်ဖိုးနှုန်းထားထက် သက်တမ်းတိုး ပြုလုပ်ရသောနှုန်းမှာ ပိုမိုများပြားနေကြောင်း အဌားယဉ်တက္ကစီ မောင်းနေသူများက ဝေဖန်ကြသည်။
ရန်ကုန်မြို့တွင်း အဌားယာဉ်အဖြစ် မှတ်ပုံတင်အသစ် ပြုလုပ်သည့်ကားများ မှတ်ပုံတင်ကြေးငွေ ၁၂,၅ဝဝ ကျပ် ကျသင့်ကြောင်းသိရသည်။
ယခင် ၃ နှစ်က စီးတီးတက္ကစီ မှတ်ပုံတင်ပြုလုပ်မှုကို ဖျက်သိမ်းမည်ဟု အစိုးရက ထုတ်ပြန်ထားသော်လည်း စီးတီးတက္ကစီ သက်တမ်းတိုးရမည်ကို မသိရှိသောကြောင့် သက်တမ်းတိုးရန် ပျက်ကွက်လာသူ များပြားလာခဲ့ကြောင်း သိရသည်။
"အရင်က စီးတီးတက္ကစီကို ဖျက်သိမ်းတယ်ဆိုပြီးလည်း ပြောတော့ မှတ်ပုံတင်မလုပ်ဖြစ်ကျတာရယ် မှတ်ပုံတင် သက်တမ်းတိုးတာကိုလည်း သွားမလုပ်ကြတော့ဘူး။ မှတ်ပုံတင် အသစ်လုပ်တာက ၁၂၅ဝဝ ပဲကျတယ်။ သပ်တမ်းတိုးတာ က တစ်နှစ်ကို ၆,၅ဝဝ နဲ့ ၃ နှစ်ဆိုရင် ၁၉,၅ဝဝ ပိုပြီးကုန်ကျနေတယ်။ အသစ်လုပ်တာထက်စာရင် အရင်က ဖျက်သိမ်း မယ်ဆိုလို့ သက်တမ်းတိုးမလုပ်ကြတာပါ။"ဟု အဌားယာဉ် မောင်းသူ ကိုကိုနိုင်က ပြောကြားသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ဆုံးထား၍ city taxi မှတ်ပုံတင်ပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က အသိပေးကြေငြာထားရှိရာ စီးတီးတက္ကစီ မှတ်ပုံတင် မပြုလုပ်သောကားများ အရေးယူဆောင်ရွက်သွားရန်ရှိကြောင်း သိရသည်။
R-01