ဒီဇင်ဘာ ၃၁ အထိ စီးတီးတက္ကစီ မှတ်ပုံတင်မပြုလုပ်သော ယာဉ်များကို အရေးယူရန် သီးခြားအမိန့်ထုတ်ပြန်ထားခြင်းမရှိသေး

0

Full article

ရန်ကုန်တိုင်းအတွင်း အဌားယာဉ်အဖြစ် မှတ်ပုံတင်ထားသည့်ကားများကို ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ဆုံးထား၍ city taxi မှတ်ပုံတင်ပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အသိပေးအကြောင်းကြားထားကြောင်းထားသော်လည်း မှတ်ပုံတင် လာရောက်မပြုလုပ်သည့် ကားများအား မည်ကဲ့သို့ အရေးယူမည်ဆိုခြင်းကို သီးခြားအမိန့် ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း သိရသည်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ကလည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း ချိုးဖောက်မှသာ အရေးယူနိုင်ပြီး စီးတီးတက္ကစီ မှတ်ပုံတင် မပြုလုပ်သည့် ကားများ ဖမ်းဆီးအရေးယူ၍ မရကြောင်း သိရသည်။"အခုအထိတော့ စီးတီးတက္ကစီ တွေမှတ်ပုံတင် မပြုလုပ်တာကို အရေးယူဖို့ သီခြားအမိန့် ထုတ်ထားတာမရှိပါဘူး။ ယာဉ်ထိန်းအနေနဲ့ လည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်တာကိုပဲ အရေးယူလို့ရပါတယ်။" ဟု ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စီးတီးတက္ကစီများ ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံး မှတ်ပုံတင်ပြုလုပ်ရန် ကြေငြာသတ်မှတ်ထားရှိပြီး မှတ်ပုံတင်ပြုရန် ရက်သတ္တပတ် ၅ ပတ်သာ နောက်ဆုံးကျန်ရှိရာ မှတ်ပုံတင်မပြုလုပ်သည့် ကားများကို ကညနနှင့် လုပ်ငန်းလိုင်စင် ပြုလုပ်သော အဖွဲ့များကသာ အရေးယူ၍ ရနိုင်သည်ဟု သိရသည်။ L-01

Author