ဇန်နဝါရီ ၃၁ ရက်အထိ စီးတီးတက္ကစီမှတ်ပုံတင် မပြုလုပ်သော ကားများကို (ဂ) လုပ်ငန်းလိုင်စင် ဖျက်သိမ်းမည်

0

Full article

ရန်ကုန်မြို့တွင်မောင်းနှင်သော တက္ကစီကားများကို ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထားပြီး စီးတီးတက္ကစီမှတ်ပုံတင်ခြင်းနှင့် စီးတီးတက္ကစီ သက်တမ်းတိုးလာရောက်မပြုလုပ်သောကားများကို (ဂ) လုပ်ငန်းလိုင်စင် ဖျက်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေသော တက္ကစီများကို စီးတီးတက္ကစီ မှတ်ပုံတင်ပြုလုပ်ရန် နိုဝင်ဘာလ ၁၄ ရက်က စတင် အသိပေးနှိုးဆော်ထားရာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ မှတ်ပုံတင်ရန်သတ်မှတ်ထားရာက အကြောင်းအမျိုးမျိုးကြောင့် စီးတီးတက္ကစီ မှတ်ပုံတင်မပြုလုပ်သော ကားများကို ဇန်နဝါရီ ၃၁ ရက်အထိ သက်တမ်း ၁ လထပ်တိုးပေးရန်လုပ်ဆောင်ပေးသော်လည်း မှတ်ပုံတင်သက်တမ်းလာမလုပ်သော စီးတီးတက္ကစီ ကားများကို ဖေဖေါ်ဝါရီ ၁ ရက်ကစပြီး လုပ်ငန်းလိုင်စင် ဖျက်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာလိုက်သည်။

" အကြိမ်ကြိမ် စီးတီးတက္ကစီ မှတ်ပုံတင်ဖို့ ပြောထားပြီပါပီ။ ဒီဇင်ဘာလ ၃၁ ရက် သတ်မှတ်ပေးတာကနေ ဇန်နဝါရီ ၃၁ ရက်အထိ သက်တမ်း ၁ လ တိုးပေးထားတယ်။ အဲ့ဒီနေ့အထိ စီးတီးတက္ကစီ မှတ်ပုံတင် လာမလုပ်ဘူးဆိုရင်တော့ လုပ်ငန်းလိုင်စင် ဖျက်သိမ်းတော့မှာ ဖြစ်တယ်။"လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာ ပိုင်အဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။

ယနေ့အထိ စီးတီးတက္ကစီ မှတ်ပုံတင်လာလုပ်ရန် ကျန်ရှိနေသော ကားများရှိနေရာ စည်းကမ်းချက်မကိုက်သော ကား များကို ထိရောက်စွာဖမ်းဆီးမှု ပြုလုပ်သွားမည်ဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့ များနှင့် ယာဉ်ထိန်းတပ်ဖွဲ့များ ပူးပေါင်း၍ တက္ကစီစီမံချက် တစ်ခု မကြာခင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

R-01

Author