မှတ်ပုံတင် မပြုလုပ်ထားသော စီးတီးတက္ကစီကားများ နှင့် နယ်လိုင်စင်တက္ကစီများ အရေးယူရန် မဆုံးဖြတ်ရသေး

0

Full article

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် စီးတီးတက္ကစီ မှတ်ပုံတင်မပြုလုပ်ထားသော အဌားယာဉ် တက္ကစီ ကားများ နှင့် နယ်လိုင်စင်တက္ကစီများ အရေးယူရန် မဆုံးဖြတ်ရသေးကြောင်း အများပြည်သူသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ ကသိရသည်။

အဌားယာဉ်အဖြစ်သာ မှတ်ပုံတင်ထားသည့် ကားများကို ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ဆုံးထား၍ City taxi မှတ်ပုံတင်ပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှူအာဏာပိုင်အဖွဲ့ မှ အသိပေးကြေငြာ ထားခြင်းသာ ရှိတယ်လို့ သိရသည်။

" စီးတီးတက္ကစီ တွေကို မှတ်ပုံတင်ပြုတွေ အမြန်ဆုံးပြုလုပ်ဖို့ အသိပေးထားပြီးသားပါ။ ဘယ်လိုမျိူးအရေးယူမယ်ဆိုတာတော့ ဆွေးနွေး ထားတာမရှိပါဘူး။
သတင်းစာထဲမှာ တရားဝင်ထုတ်ပြန်ပေးသွားမှာပါ။"လို့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ ကသိရပါသည်။

စီးတီးတက္ကစီ မှတ်ပုံတင်ပြုလုပ်ပေးသည့် နိုဝင်ဘာ ၁၄ ရက်မှ ဒီဇင်ဘာလ ဒုတိယအပတ်တွင် စီးတီး တက္ကစီမှတ်ပုံတင်လာရောက်ပြုလုပ်သည့် ကားအစီးရေ ၅ဝဝဝ နီးပါးရှိနေရာ သက်တမ်းတိုးမှတ်ပုံတင်ပြုလုပ်သော ကားအစီးရေ နှင့် ခရိုင်ပြောင်းကားအစီးရေ ၁သောင်း၃ထောင် စီးရှိတယ်လို့ သိရသည်။

ရန်ကုန်တွင် ပြေးဆွဲနေသည့် နယ်လိုင်စင် တက္ကစီ များကို လည်း မြို့ပြင်နှင်မည်ဆိုသော သတင်းများ ထွက်ပေါ်နေလျှက်ရှိပြီး အာဏာပိုင် အဖွဲ့မှ အမိန့်ထုတ်ပြန်ထားခြင်း မရှိသေးဟု သိရသည်။
L-01

Author