city taxi မှတ်ပုံတင်လာမလုပ်သောကားများနှင့် နယ်ကျော်ကားများကို အရေးယူရန် ဆွေးနွေးထားမှုမရှိ

0

Full article

ရန်ကုန်မြို့တွင်းမောင်းနှင်နေသော city taxi မှတ်ပုံတင်မပြုလုပ်သော ကားများနှင့် နယ်ကျော် တက္ကစီများကို အရေးယူရန် ဆွေးနွေးထားခြင်းမရှိသေးကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ထံက သိရသည်။

city taxi မှတ်ပုံတင်မပြုလုပ်သော ကားများကို ဒီဇင်ဘာလ ၃၁ ကစပြီး အရေးယူရန်နှင့် ရန်ကုန်တွင် နယ်ကျော် ပြေးဆွဲနေသော တက္ကစီများကို မြို့ပြင်နှင်မည်ဆိုသော သတင်းများ ထွက်ပေါ်နေပြီး ထိုသတင်းများမှာ မဟုတ်မှန်ကြောင်း တက္ကစီများအရေးယူရန် ဆွေးနွေးထားခြင်းမရှိသလို ရန်ကုန်တိုင်းအစိုးအဖွဲ့ကသာ ဆုံးဖြတ်မှာ ဖြစ်ကြောင်း သိရသည်။

"city taxi ကားတွေနဲ့ နယ်ကျော်ကားတွေကို မှတ်ပုံတင်မလုပ်ရင် အရေးယူဖို့ ဆွေးနွေးထားတာ မရှိပါဘူး။ အပြင်မှာ ထွက်နေတဲ့ သတင်းတွေက မဟုတ်ပါဘူး။ အရေးယူဆောင်ရွက်တာကို အစိုးရအဖွဲ့ကပဲ ဆုံးဖြတ်သွားမှာပါ။"ဟု YRTA က တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

အငှားယာဉ်တက္ကစီများအတွက် မျှတသည့်ယှဉ်ပြိုင်မှုဖြစ်စေမည့် နည်းဥပဒေများရေးဆွဲဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က ဒီဇင်ဘာ ၄ ရက်နေ့တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်ပဥ္စမပုံမှန်အစည်းအဝေး တွင်ပြောကြားသွားခဲ့သည်။

L-01

Author