ရန်ကုန်မြို့တွင်း အဌားယာဉ်အဖြစ် မှတ်ပုံတင်ထားသည့်ကားများကို ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ဆုံးထား၍ city taxi မှတ်ပုံတင်ပြုလုပ်ရန်သတ်မှတ်ထားသော်လည်း မှတ်ပုံတင်မပြုလုပ်ရသောကားများရှိနေသဖြင့် ဇန်နဝါရီ လအထိ ၁ လထပ်တိုးကာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ဝင် တစ်ဦးထံကနေ သိရသည်။
city taxi မှတ်ပုံတင်ပြုလုပ်ခြင်းကို ဒီဇင်ဘာလ ၃၁ ရက်နောက်ဆုံးထား ပြုလုပ်ရန် သတ်မှတ်ထားရာ ကားအစီးရေ များပြားလာ၍ သက်တမ်းတိုးပေးခြင်းဖြစ်သည်ဟု သိရပါတယ်။
city taxi မှတ်ပုံတင်လုပ်ဆောင်ရာတွင် သက်ဆိုင်ရာ မြို့နယ်ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံး၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ပြီး ကျိူက်က္ကဆံ စူပါဝမ်း အနီး YRTA ရုံးနှင့် အင်းစိန်မြောက်ပိုင်းခရိုင် YRTA ရုံးတို့တွင် ပြုလုပ်ရမည်ဖြစ်သည်။
ထို့အပြင်မော်တော်ယာဉ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်း၊ အုံနာဘုတ်၊ ယာဉ်မောင်းလိုင်စင် နှင့် မိတ္တူများယူဆောင်လာရမည်ဖြစ်ရာ city taxi မှတ်ပုံတင်အသစ် ပြုလုပ်ပါက ငွေကျပ် ၁သောင်း ၂ ထောင် နီးပါးကုန်ကျမည်ဖြစ် ကြောင်းသိရသည်။