City Taxi မှတ်ပုံတင်မပြုလုပ်ထားသည့်ကားများ လုပ်ငန်းအဆင်သင့် မဖြစ်သေး၍ ဖမ်းဆီးအရေးယူခြင်း မပြုလုပ်သေး

0

Full article

ရန်ကုန်မြို့တွင်းမောင်းနှင်နေသော city taxi မှတ်ပုံတင်မပြုလုပ်ထားသည့်ကားများ လုပ်ငန်းအဆင့်သင့်မဖြစ်သေး၍ ဖမ်းဆီးအရေးယူခြင်း မပြုလုပ်သေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှုးရုံးတွင် ယနေ့ပြုခဲ့လုပ်သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ မောင်းနှင်နေသော တက္ကစီကားများကို city taxi မှတ်ပုံတင်ပြုလုပ်ရန် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းအပြီးလုပ်ဆောင်ရန် သတ်မှတ်ထားရှိရာ city taxi မှတ်ပုံတင်လာရောက်မပြုလုပ်သောကားများကို အရေးယူမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အာဏာပိုင်အဖွဲ (YRTA) ကအသိပေးထားရှိခဲ့ပြီး နယ်မှဝင်ရောက်ပြေးဆွဲနေသော တက္ကစီကားများနှင့် အသစ်ဝင်ရောက်လာသော ကားများကျန်ရှိနေသေး၍ city taxi မှတ်ပုံတင်မပြုလုပ်ထားသောကားများကို အရေးယူဆောင်ရွက်ထားမှု မရှိသေးကြောင်း သိရသည်။

"City taxi မှတ်ပုံတင်မလုပ်ထားတဲ့ကားတွေကို အရေးယူဖမ်းဆီးထားတာမရှိသေးပါဘူး။ လုပ်ငန်းတွေက အားလုံးအဆင်သင့်မဖြစ်သေးတာရယ်၊ နယ်ကပြေးဆွဲနေတဲ့တက္ကစီတွေနဲ့ complete မဖြစ်သေးတာတွေရှိသေးလို့ အရေးမယူနိုင်သေးပါဘူး။" ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲ တပ်ဖွဲ့မှုးရုံးမှ အရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ဖြေကြားခဲ့သည်။

Author