စီးတီးတက္ကစီမှတ်ပုံတင် မပြုလုပ်ထားသည့် ကားများ ကညန စာရင်းနှင့် တိုက်ဆိုင်စစ်ဆေး၍ အရေးယူမှုများ မကြာခင်လုပ်ဆောင်မည်

0

Full article

ရန်ကုန်မြို့တွင်မောင်းနှင်နေသော စီးတီးတက္ကစီမှတ်ပုံတင် လာရောက် မပြုလုပ်ထားသည့် ကားများကို ကညနစာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးမှုများပြုလုပ်ကာ မကြာခင် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့က သိရသည်။

ရန်ကုန်တိုင်းအတွင်း ပြေးဆွဲ မောင်းနှင်နေသော တက္ကစီများကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ စီးတီးတက္ကစီ မှတ်ပုံတင်လာရောက်ပြုလုပ်ရန် နောက်ဆုံးသတ်မှတ်ထားရာ စီးတီးတက္ကစီ မှတ်ပုံတင်မပြုလုပ်ရသေးသည့်ကားများ အနည်းငယ် ကျန်ရှိနေလျှက်ရှိသောကြောင့် ကညနစာရင်းများနှင့်တိုက်၍ စစ်ဆေးမှုများပြုလုပ်သွားပြီး စီမံချက်ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

" စီးတီးတက္ကစီ မှတ်ပုံတင်မလုပ်ရသေးတဲ့ကားတွေကို ကညနမှာရှိတဲ့စာရင်းတွေနဲ့တိုက်ယူတာတွေလုပ်သွားမယ်။ စီးတီးတက္ကစီ မှတ်ပုံတင်လာမလုပ်ထားတဲ့ ကားအစီးရေက သိပ်တော့မကျန်တော့ပါဘူး။ ကညန စာရင်းနဲ့တိုက်ပြီးမှ စီမံချက်နဲ့ အရေးယူတာတွေလုပ်သွားမယ်။" ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရာသက်ပန်အဌားယာဉ်တက္ကစီများဖြစ်သည့် AA,BBနှင့် CC တက္ကစီများ နံပါတ်အနက်မှ နံပါတ်အနီပြောင်းလဲထားသော တက္ကစီကားများကိုလည်း စည်းကမ်းချက် ၇ ချက် ဖောက်ဖျက်ကျူးလွန်ပါက ပြည်နယ်နှင့် တိုင်းများသို့ နယ်နှင်ရန် တင်ပြထားရှိကြောင်း သိရသည်။

Author