city taxi မှတ်ပုံမတင်ထားသော ကားများ ဇန်နဝါရီ ၁ ရက်က စပြီး အရေးယူမည်

0

Full article

ရန်ကုန်မြို့တွင်း အဌားယာဉ်အဖြစ် မှတ်ပုံတင်ထားသည့်ကားများကို ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ဆုံးထား၍ city taxi မှတ်ပုံတင်ပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီး ကပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က အသိပေး ကြေငြာထားကြောင်း သိရသည်။

ထိုကဲ့သို့ အဌားယာဉ်မှတ်ပုံတင်ခြင်းကို ရန်ကုန်မြို့ လေးထောင့်ကန်လမ်းမပေါ်ရှိ ကျိူက်က္ကဆံ ဆူပါဝမ်းအနီး YRTA ရုံးတွင် လာရောက်မှတ်ပုံတင် လုပ်ဆောင်ရမှာ ဖြစ်ပြီး မှတ်ပုံတင် မလုပ်ဆောင်ထားသော city taxi များကို ဇန်နဝါရီလ ၁ ရက်ပစပြီး အရေးယူမှုပြုလုပ်သွားမှာဖြစ်ကြောင်း အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ထံကနေ သိရသည်။

"city taxi တွေ မှတ်ပုံတင်မလုပ်တဲ့ကားတွေ များနေတယ်။ဒါကြောင့် ဒီဇင်ဘာလအကုန်မှတ်ပုံတင် လာလုပ်ရမယ်။ နောက်ပိုင်းဆို နယ်ကားတွေကိုလည်း အရေးယူတာတွေ စတော့မှာပါ။"ဟု အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဌားယာဉ် city taxi မှတ်ပုံတင်ပြုလုပ်ရန်အတွက် ပိုင်ရှင်ကိုယ်တိုင်လာရမှာဖြစ်ပြီး သန်းခေါ်စာရင်း ၊ မှတ်ပုံတင် ၊ ရပ်ကွက်ထောက်ခံစာ ၊ ဓါတ်ပုံ ၂ ပုံ ၊ အုံနာဘုတ်၊ လုပ်ငန်းအဝိုင်း ၁/၂ တြိဂံ ၊ အမည်မပေါ်က်လျှင် ဝယ်ရောင်းစာချုပ်၊ ယာဉ်မောင်း သန်းခေါ်စာရင်း ၊ မှတ်ပုံတင် ၊ ရပ်ကွက်ထောက်ခံစာ ၊ ယာဉ်မောင်လိုင်စင် ၊ ဓါတ်ပုံ ၂ ပုံ၊ ဝှီးတပ် ၂ စုံ၊ မိတ္တူ မူရင်း ပါရှိရမည်ဖြစ်ကြောင်း သိရပါသည်။

Author