ယခုနှစ်သင်္ကြန်တွင် မြို့တော်ခန်းမရှေ့မဏ္ဍပ် နေရာကိုသာ လမ်းပိတ် လမ်းလွှဲပြုလုပ်ထားမည်

0

Full article

ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ်များ ဝေဇယန္တလမ်းများတွင် ခွင့်ပြုချပေးထားပြီး မြို့တော်ခန်းမရှေ့မဏ္ဍပ် မဟာဗန္ဓုလလမ်းတစ်လမ်းကိုသာ လမ်းပိတ်လမ်းလွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက သိရသည်။

သင်္ကြန်ကာလတွင် ယာဉ်ကြောပိတ်ဆို့မှုများမဖြစ်ပေါ်စေရန် အဓိက ကားအသွားအလာများသော လမ်းမများတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အားကို ၁,ဝဝဝ နီးပါးအထိ အသုံးပြုသွားမည်ဖြစ်ရာ သင်္ကြန်မဏ္ဍပ်များတည်ဆောက်ခွင့်များ ကို ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ မင်းဓ္ဓမလမ်းများတွင် ချထားပေးသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်လာမည် မဟုတ်ကြောင်း သိရသည်။

" သင်္ကြန်အတွင်း ရန်ကုန်မြို့တော်ခန်းမရှေ့ မဏ္ဍပ်နေရာကိုသာ လမ်းပိတ်တာတို့၊ လမ်းလွဲတာ ဆောင်ရွက်သွားမယ်။ ဆူးလေဘုရားအရှေ့ဘက်မုခ်ကနေ ဗန္ဓုလလမ်းဘက်ကို လမ်းလွဲတာဆောင်ရွက်မယ်။ တစ်ခြားနေရာတွေကတော့ အရင်အတိုင်းသွားလာခွင့်ပြုထားမှာပါ "ဟု ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သင်္ကြန်တွင်း ယာဉ်တိုက်မှု ယာဉ်မတော်တဆမှုများ မဖြစ်ပေါ်စေရန် ယာဉ်မောင်းသူများကိုလည်း ယာဉ်မောင်းလိုင်စင် ပါ၊ မပါ စစ်ဆးသွားမည်ဖြစ်ပြီး အရက်မှုးခြင်းကိုတိုင်းတာသည့် ကိရိယာ alcohol tester ဖြင့် စစ်ဆေးမှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Regulation

Author