Consignment စနစ်ဖြင့်တင်သွင်းထားသောကားများတွင် စီးတီးဘတ်စ် နဲ့ တက္ကစီကားများ ပါဝင်နေတဲ့အတွက် ပြန်လည်ဆွေးနွေးသွားရန်ရှိတယ်လို့ ထိုကားများကို စစ်ဆေးနေသည့် အဖွဲ့များကနေသိရပါတယ်။ ကားအရောင်းစင်တာများမှ အပ်ကုန်စနစ်ဖြင့် တင်သွင်းထားရှိသော ၂ဝဝဝ မိုဒယ်အောက် ကားများကို စလစ်ကပ်ရန်မလိုဘဲ သိန်း ၃ဝ ဖြင့် မှတ်ပုံတင်ရန်နှင့် ၂ဝဝ၁ မိုဒယ်မှ ၂ဝဝ၅ မိုဒယ်အထိ ကားများကို သိန်း ၆ဝ နဲ့ မှတ်ပုံတင်ရမှာဖြစ်ရာ ထိုကားများသည် နယ်လိုင်စင်ဖြင့်မှတ်ပုံတင်ပြုလုပ်ဆောင်ရွက်သွားရမည် ဖြစ်သည်။ ၂ဝဝ၆ မိုဒယ်မှ ၂ဝ၁၄ မိုဒယ်အထိကားများကတော့ ယာဉ်အိုယာဉ်ဟောင်းအစားထိုး တင်သွင်း၍စလစ်ကပ်တင်သွင်း မှတ်ပုံတင်ပြုလုပ်ရန် စာရင်းကောက်ခံမှူ ပြီးဆုံးတော့မည် ဖြစ်ကြောင်းသိရပါတယ်။ Consignment နဲ့ တင်သွင်းထားတဲ့ကားတွေ နယ်လိုင်စင်နဲ့ မှတ်ပုံတင်ခွင့်ပြုပေးလည်း ကားဈေးကွက်အများကြီး ပြောင်းလဲသွားဖွယ် မရှိနိုင်ဘူးလို့ ဝါရင့် ကားဝယ်ရောင်းလုပ်ကိုင်နေသူများက ပြောထားကြသည်။ Consignment စနစ်နဲ့တင်သွင်းထားတဲ့ကားအစီးရေ မှာ ၆ဝဝဝ ကျော်ရှိနေသော်လည်း အမှန်တစ်ကယ် စလစ်ကပ်ရန် လက်ကျန်ရှိနေသည့် ကားအစီးရေမှာ ၆ဝဝ လောက်သာရှိနိုင်ပြီး တစ်ချိူ့ကားတွေမှာ လူကြိုက်နည်းပြီး ဈေးကွက်အတွင်း အဝယ်မရှိသော ကားများသာဖြစ်တယ်လို့ သိရပါတယ်။
ခေတ်သစ်
Photo Credit