Full article

City Bus ယာဉ်များကို ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ ကင်းလွတ်ခွင့်ပြုရန် 'စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန'မှ စီစဉ်နေကြောင်း သိရသည်။

City-Buus

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ City Bus များအား ယာဉ်မှတ်ပုံတင်ခ ကင်းလွတ်ခွင့် ပြုမည်ဆိုပါက ဘတ်စ်အစီးရေ များပြားလာပြီး ဘတ်စ်ကားစီး ပြည်သူများ ကားစောင့်ဆိုင်းရခြင်း အချိန်များ လျော့နည်းသွားမည်ဖြစ်၍ လုပ်ငန်းခွင်တွင် စွမ်းအားပိုမို ဖြည့်တင်းနိုင်ပြီး၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာခြင်း၊ ယာဉ်အသစ်များ အသုံးပြုခြင်းဖြင့် ယာဉ်ကြံ့ခိုင်မှုရှိပြီး ယာဉ်အန္တရာယ်ကင်းရှင်းစွာ စီးနင်းနိုင်ခြင်း၊ ဘတ်စ်ကားအဖြစ် လုပ်ငန်းဆောင်ရွက်မည့် ပိုင်ရှင်များ ယာဉ်တန်ဖိုး သက်သာ၍ အကျိုးသက်ရောက်မှုရှိသဖြင့် ပိုမို ရင်းနှီးမြှုပ်နှံနိုင်ခြင်းများကြောင့် မြို့တွင်းသွား မော်တော်ယာဉ်လိုင်းများတွင် အသုံးပြုမည့် ခရီးသည်တင် City Bus ယာဉ်များ ကို ယာဉ်မှတ်ပုံတင်ခ ၅ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုသည့်အကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြခဲ့ကြောင်း သိရသည်။၂ဝ၁၄ ခုနှစ်အတွင်း အတည်ပြုသတ်မှတ်ခဲ့သည့် ခရီးသည်တင်ယာဉ် ဘတ်စ်ကားများ၏ ဈေးနှုန်းအား ပြန်လည်အတည်ပြုရန် ကိစ္စအတွက်လည်း ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန၏ သဘော ထားမှတ်ချက်ကို ဆောလျင်စွာ ပြန်ကြားပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တောင်းဆိုထားကြောင်း သိရသည်။

Ref: Automobile

Author