ထိုခရီးသည်တင်ကားများအပ်နှံရာတွင် ရရှိထားတဲ့ စီအမ်ဂျီစလစ်ပါတွဲ၍အပ်နှံရမှာဖြစ်ရာ အပ်နှံရန်စာရင်းကို မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိမ်းသိမ်းရေးကြီးကြပ်ရေးမှုးကော်မတီထံစာရင်းတင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။ ကားများအပ်နှံ၍ လူးစီးစလစ်လိုချင်ပါက လူးစီးစလစ်ပေးမှာဖြစ်ရာ ခရီးသည်တင်ယာဉ်ကြီးစလစ်လိုချင်ပါကကြိုက်နှစ်သက်ရာစလစ်ယူနိုင်ပါတယ်လို့ ပြောပြပါတယ်။
စီးတီးဘတ်စ်၊မီနီဘတ်နဲ့ဘီအမ်ကားတွေကို စတင်အပ်နှံလို့ရပါပီ။စီအမ်ဂျီစလစ်လည်းတွဲပီးအပ်နှံရမှာဖြစ်တယ်။အပ်နှံကြမယ့်စာရင်းကိုလည်း မထသကိုစာရင်းပေးပီးမှသွားအပ်လို့ရမှာပါ။တော်တော်များများလာအပ်ဖို့လည်းစာရင်းပေးထားပါတယ်လို့ အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင်အတွင်းရေးမှူးကပြောပြခဲ့သည်။
အိုဟောင်းနေတဲ့ခရီးသည်တင်ယာဉ်တွေကိုအများပြည်သူစီးနင်းရာတွင် ကားကြံခိုင်မှူကောင်းမွန်တဲ့ ယာဉ်တွေနဲ့အစားထိုးပြေးဆွဲပေးနိုင်ဖို့အတွက် အပ်နှံခွင့်ပြုပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ခေတ်သစ်