စီးတီးဘတ်စ်ကားတင်သွင်းရာတွင် seater ကွဲလွဲတင်သွင်းလာမှူများကို ဒဏ်ကြေး ကင်းလွတ်ခွင့်ပေးမည်

0

Full article

![width=300](/redline/content/images/2017/07/2121-1-300x185.jpg)

Photo Credit

စီးတီးဘတ်စ်ကားတင်သွင်းရာတွင် express ကားကြီးများနှင့် တင်သွင်းမှူတူညီနေသည့်အတွက် seater ကွဲလွဲတင်သွင်းလာမှူများကို ဒဏ်ကြေး ဖြင့် ကင်းလွတ်ခွင့် ပေးမည်ဖြစ်

ကြောင်း အကောက်ခွန်ဦးစီးဌာနမှသိရပါတယ်။ စီးတီးဘတ်နဲ့ Express ကားသွင်းတာတူညီနေလို့ ခွဲထုတ်လိုက်တာပါ။ seater ကွဲလွဲပြီး တင်သွင်းလာတဲ့ ကားတွေကိုလည်း ဒဏ်ကြေးကင်းလွတ်ခွင့်နဲ့ ပြန်ထုတ်ပေးမှာပါ။ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ယခင်က စီးတီးဘတ်နှင့် Express ကားများတင်သွင်း ရာတွင် ပုံစံတစ်မျိူးတည်း သတ်မှတ်ထားသည့်အတွက် မလိုအပ်သည့် ပြသာနာများဖြစ်ပေါ်နေသောကြောင့် seater ကွဲလွဲတင်သွင်းလာမှူများကို ဒဏ်ကြေးကင်းလွတ်ခွင့်ပေး၍ စီးတီးဘတ်စ်တင်သွင်းတာကို seater သတ်မှတ်ခြင်းကို Range တစ်ခု သတ်မှတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မော်တော်ယာဉ် တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှူ ကော်မတီ အစည်းအဝေး တွင် ကုမဏီတစ်ခုမှ တင်သွင်းလာသည့် စီးတီးဘတ်စ်များကို seater ကွဲလွဲတင်သွင်းလာသောကြောင့် ဒဏ်ကြေးကင်းလွတ်ခွင့်ပြုပေးရန် သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

ခေတ်သစ်

Author